မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ရိုင်ရန်ဂစ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ ဂရတ်ဘေးလ်ကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ " သူဟာ ကျနော်မြင်ဖူးသမျှ ဝေးလ်နိုင်ငံက ကစားသမားတွေထဲမှာတော့ အတော်ဆုံးလို့တောင်ပြောလို့ရပါတယ်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ တစ်ဦးတည်းက နှစ်ဂိုးသွင်းယူနိုင်တယ်ဆိုတာ တစ်ကယ်ကို မဖြစ်နိုင်တဲ့ အနေအထားမျိုးပါ။ ဒါကို ဂရတ်ဘေးလ်က လုပ်ပြနိုင်ခဲ့ပြီး သူ့ရဲ့ ကမ္ဘာ့အဆင့် ဂိုးသွင်းခြေစွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်လို့ " ရိုင်ယန်ဂစ်က ချီးကျူးလိုက်တာပဲ ဖြစ်ပါတယ်။ 

ဂရတ်ဘေးလ် ဟာ ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းအတွက် အနိုင်သေချာမယ့် သွင်းဂိုး နှစ်ဂိုးကို ဒုတိယပိုင်း မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးလ် အသင်းကို,၃ဂိုး -၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး သုံးကြိမ်မြောက် ချန်ပီလိဂ်ဖလားကို ဆက်တိုက်ရရှိတဲ့အသင်းအဖြစ် စံချိန်သစ် တင်သွားနိုင်ခဲ့ပါတယ်။ 

Source:Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။