GFatt နဲ့ နန်းဆုတို့စုံတွဲလေးကတော့ နှစ်ယောက်စလုံးက အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် သူတို့ဘာလုပ်လုပ် ပရိတ်သတ်တွေက သတိထားမိတတ်ကြပါတယ် ။ သူတို့နှစ်ယောက်တွဲလုပ်ကြတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးကြသလို သူတို့ရဲ့ ပြင်ပဘဝက လှုပ်ရှားမှုတွေကိုပါ အားပေးကြတာပါ ။ နန်းဆုရော GFatt ရော နှစ်ယောက်စလုံးက ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် မကြာခဏဆိုသလို We love group ထဲမှာ စုံတွဲလိုက် Live လွှင့်လေ့ရှိပြီး လူမှုကွန်ယက်မှာလည်း သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် ချစ်သူနှစ်ယောက်ရဲ့ အမှတ်တရ ဖြစ်ရပ်လေးတွေကိုလည်း တင်ပေးတတ်ပါတယ် ။ 

ခုလည်း ကို GFatt ကစလိုက်တဲ့ ဇာတ်လမ်းက Facebook တခွင် ပါတ်ချာလည်သွားတော့တာပါ ။ အဖြစ်ကတော့ ဒီလိုပါ ။ ကို GFatt က နန်းဆုနဲ့ စဆုံတဲ့ အမှတ်တရလေးကို

" ဟိုစဉ် စစ ခင်တဲ့နေ့က

ကော်ဖီဆိုင် လေးရဲ့ ထောင့်စွန်းဝိုင်းမှာ ... " လို့ သူ့ရဲ့ သီချင်းလေးထဲကစာသားလေးအတိုင်း လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီးတော့ နန်းဆုကလည်း 

" သီချင်းလေးများအကြောင်းပြောရင်း

ရုပ်ရှင်ဇာတ်လမ်းလေးများထဲမျောရင်း

ဝှိုက်တီး လေးလည်းသောက်ရင်း

၂နှစ်တောင်ပြည့်သွားပြီ အဲ့ကတည်းနားငြီးခံခဲ့တာ " လို့ အမှတ်တရတွေကို ချစ်စနိုးလေး ပြန်ပြောထားတာမို့ မြင်ရတဲ့ ပရိတ်သတ်တွေကသဘောကျပြီးသူတို့ရဲ့ ချစ်သူတွေနဲ့ ပထမဆုံး ဆုံခဲ့တဲ့ အခိုက်အတန့်လေးတွေကို ပြန်ရေးပြီး GFatt ရဲ့ Post လေးနဲ့ အတူတူ Share နေကြတာပါ ။

လူတိုင်း ချစ်ရတဲ့သူနဲ့ စတင်ဆုံခဲ့တဲ့အချိန်လေးကိုတော့ အမှတ်တရရှိကြမှာပါပဲ ။ ဒါကြောင့်မို့ GFatt ရဲ့ အမှတ်တရ ပို့စ်လေးက လူတော်တော်များများနဲ့ ခံစားချက်ခြင်းတိုက်ဆိုင်သွားတာပေါ့ ။ ပရိတ်သတ်တို့ရော ... GFatt လိုပဲ ချစ်သူနဲ့ စစဆုံတုန်းကအချိန်ကို မှတ်မိကြလား ? 

သတင်းအရင်းမြစ် GFatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။