ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ဖြစ်တဲ့ မေပန်းချီကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုတွေရရှိလာခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ စွဲမက်စရာကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ပရိသတ်တွေကို ဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေတွေကတော့ တကယ့်ကိုချစ်စရာကောင်းနေပြီး စွဲဆောင်မှုရှိနေတဲ့ ဓာတ်ပုံလေးတွေပဲဖြစ်ပါတယ်။သူမကတော့ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတာတော့အမှန်ပါပဲပရိသတ်ကြီးရေ။

သူမကတော့ ဝနေပေမယ့် ဒီဝတာလေးကို ချစ်လို့ ဆက်လက်ထိန်းထားအုံးမယ်လို့လည်းသိရပါတယ်။သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတော့"စဉ်းစားလေ ဒီလို ဗလတောင့်တောင့်နဲ့ နပန်းသမားဆိုဒ်ကိုဘယ်မှာသွားရှာမလဲ အခွင့်သာလို့လက်ဝှေ့ထိုးရင်တောင်တစ်တုတ်ဘက်ကသာလောင်း ရူံးရင်နူစ်ဆပြန်လျော်မယ်"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-မေပန်းချီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။