UEFA က ဘောလုံးလောက၏ အကြွေးအများဆုံး အသင်း(၁၀)သင်း စာရင်းကို ထုတ်ပြန်ကြေညာ သွားခဲ့ရာ မန်ချက်စတာယူနိုက်တက် အသင်းက နံပါတ်(၁) နေရာမှ ဦးဆောင်နေပြီး၊ ပေါ်တူဂီ ကလပ် ဘင်ဖီကာအသင်းက ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရပါတယ်။ တတိယနေရာတွင် အီတလီ စီးရီးအေ ကလပ် အင်တာမီလန် အသင်းက ရပ်တည်ခဲ့ကြောင်းလည်း သိရပါတယ်။

UEFA ၏ထုတ်ပြန်ချက်အရ မန်ချက်စတာယူနိုက်တက် အသင်းသည် ကြွေးမြီ ပမာဏ ပေါင် (၄၆၈)သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး၊ ဘင်ဖီကာ အသင်းက ပေါင်(၂၉၃)သန်းဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေခဲ့ပါတယ်။ အင်တာမီလန် အသင်းက ပေါင်(၂၆၇)သန်းဖြင့် တတိယ နေရာတွင် ရပ်တည်ခဲ့ကြောင်းလည်း သိရပါတယ်။ အခြား ကြွေးမြီပမာဏ မြင့်မားနေသော အသင်းများမှာ

၄) ဗလန်စီယာ ပေါင်(၂၄၉)သန်း

၅) ကျူပီအာ ပေါင်(၂၄၃)သန်း

၆) အေစီမီလန် ပေါင်(၂၁၇)သန်း

၇) စီအက်စ်ကေအေမော်စကို ပေါင် (၁၉၅)သန်း

၈) ဂါလာတာစာရေး ပေါင်(၁၉၄)သန်း

၉) ဂျုဗင်တပ်စ် ပေါင်(၁၈၂)သန်း

၁၀) ရိုးမား ပေါင်(၁၈၁)သန်း တို့ အသီးသီး ရပ်တည်သွားခဲ့ပါတယ်။

#AZL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။