ကမ္ဘာကျော် ဘော်လုံးသမားကြီးတစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒို ဟာဆိုရင် သူအနာဂတ်နဲ့ ပတ်သတ်ပြီးငါးရက်အတွင်း အဖြေပေးမည်ဟု ပရိသတ်များကို ဖော်ပြလိုက်ပါတယ်။ လက်ရှိမှာတော့ ရီရဲမက်ဒရစ် အသင်းမှာလက်ရှိကစားနေပြီး နောက်သူ ဘယ်အသင်းကို ပြောင်းမယ် ဆိုတာကို အချိန်အနည်းငယ်ပေးဖို့ ပရိသတ်ကြီးကို ပြောထားပါတယ်။ 

လာမယ့်ရက်ပိုင်းအတွင်းမှာ မိမိအနာဂတ်နဲ့ ပတ်သက်ပြီး ဖြေကြားမယ်လို့ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။စီရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီ ရီးရဲလ်မှာ ဆက်ရှိမယ်ဆိုတာ သေချာမပြောနိုင်သေးဘဲ အသင်းနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ ပြောဆိုထားတာပါ။စီရော်နယ်ဒိုအနေနဲ့ ရီးရဲလ်အသင်းမှာ ပျော်ရွှင်နေပေမယ့် အနာဂတ်နဲ့ပတ်သက်လို့ အသင်းနဲ့ ဆွေးနွေးသွားဖို့ ရှိနေတာပါ။

လက်ရှိအချိန်မှာ သမိုင်းဝင် ချန်ပီယံလိဂ်အောင်ပွဲအတွက် ပျော်ရွှင်နေတဲ့အချိန်ဖြစ်လို့ မိမိအနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဖြေကြားမယ်လို့ စီရော်နယ်ဒိုက ဆိုပါတယ်။အသက် ၃၃ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ စပိန်လာလီဂါကနေ ထွက်ခွာပြီး တခြားလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

photo scource: DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။