စနေနေ့ ညနေပိုင်းမှာကစားသွားခဲ့တဲ့ တိုယိုတာထိုင်းလိဂ်ပွဲစဉ်မှာအောင်သူ သွားရောက်ကစားနေတဲ့ Police Teroအသင်းက Siam Navyအသင်းကို ၆-၃ဂိုး နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။အဆို ပါပွဲ စဉ်မှာ အောင်သူကတော့ ခြေစွမ်းပြ ကစားနိုင်ပြီး Police Teroအသင်းပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရယူနိုင်ခဲ့ပြီး Police Teroအသင်းရဲ့ ဟီးရိုးကြီး ဖြစ်နေခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ Police Teroအသင်းက တိုက်စစ်မြင့်တင်ခဲ့ပြီး ပထမ ပိုင်းမှာတင် ၄ဂိုးသွင်းယူခဲ့ပါတယ်။အဆိုပါ၄ဂိုးမှာတော့ အောင်သူက၃ ဂိုး ဖန်တီးပေးခဲ့ပြီး ဂိုးတော့ သွင်းယူနိုင်ခြင်းမရှိပါဘူး။ဒုတိယပိုင်းမှာတော့ Police Teroအသင်း နှစ်ဂိုးသွင်းယူခဲ့ပြီး တစ်ဂိုးကိုတော့ အောင်သူက သွင်းယူခဲ့တာပါ။အဆိုပါ ဂိုးကြောင့် အောင်သူဟာ သွင်းဂိုး ၁၀ ဂိုးသွင်းယူခဲ့နိုင်ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် Police Teroအသင်းက အဆင့်၁၂နေရာကို ပြန်လည်တတ်လမ်းသွားနိုင်ခဲ့ပါတယ်။အဆိုပါ ပွဲမှာတော့အောင်သူဟာ ဂိုးဖန်တီးမှု၃ကြိမ်နဲ့ သွင်းဂိုးတဂိုးသွင်း ယူပေးခဲ့ပါတယ်။ အောင်သူဟာ Police Tero အတွက် အခုချိန်အထိ စုစုပေါင်းသွင်းဂိုး ၁၀ဂိုးနဲ့ဖန်တီးမှု၇ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ထိုင်းလဒ်မှာတော့ အောင်သူသွင်းဂိုး၁၀ ဂိုး နဲ့ အဆင့်၆မှာရပ်တည်နေပါတယ်။

Source : Police Tero

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။