တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်လာတဲ့ အဆိုတော်မလေး ပိုပိုကတော့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို သွားရောက်ဂါရဝပြုခဲ့တယ်လို့ ဆိုပါတယ်..။

ပရိသတ်အချစ်တော် အဆိုတော်ပိုပိုကတော့ လတ်တလောမှာ နယ်ရိူးဖျော်ဖြေရေးအတွက် ခရီးတွေဆက်တိုက်သွားရင်း နတ်မောက်မြို့က ဗိုလ်ချုပ်နေအိမ်ကို အလည်အပတ်ဝင်ရောက်လေ့လာတာ ဖြစ်ပါတယ်..။

သွားရောက်လေ့လာလည်ပတ်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ ပိုပိုကသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

“နတ်မောက်မြို့ ရောက်တော့လဲ ဗိုလ်ချုပ်နေအိမ် ပြတိုက်ကို သွားရောက် လည်ပတ်လေ့လာရင်း အလေးပြုခဲ့ပါတယ်..” ဆိုပြီး ဓာတ်ဖမ်းခဲ့ပုံလေးတွေကို မျှဝေထားတာပါ..။

စူးစူးစမ်းစမ်းလေ့လာလည်ပတ်ရင်း ကင်မရာတစ်လက်နဲ့ အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ တကယ်ကိုခစ်စရာလေးပါပဲပရိသတ်ကြီးရေ..။

အဆိုတော်ပိုပိုကတော့ ဂီတအနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို လှူဒါန်းကုသိုလ်ယူမှုလေးတွေကိုလည်း မကြာခဏပြုလုပ်တတ်သူလေးလည်း ဖြစ်ပါတယ်..။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။