မြန်မာ့ ဂီတလောကထဲ နာမည်တစ်လုံးကို စိုက်ထူးထားနိုင်ခဲ့တဲ့ စိုင်းဆိုင်မောဝ်ကိုအားလုံးသိမယ်ထင်ပါတယ်။ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုသီချင်းများစွာရှိခဲ့ပြီး လက်ရှိအထိပရိသတ်များစွာရဲ့ ရင်ထဲမှာရှိကြသေးပါတယ်။ စိုင်းဆိုင်မောဝ်ကဆိုရင် ဧပြီလ ၁၄ရက်နေ့မှာ ကျောက်ကပ်ရောဂါဖြင့် ဘန်ကောက်သို့သွားရောက်ဆေးကုသမှုခံယူခဲ့ကြောင်း သိရပါတယ်။ 

ရောဂါအခြေနေကြောင့် ပရိသတ်များစွာရဲ့ စိုးရိမ်ပူပန်မှုများနှင့်အတူ ကူညီများစွာပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ စိုင်းဆိုင်မောဝ်ကဟာ ဧပြီလ၂၆ ရက်နေ့က ပြန်လည်ကျန်းမာလာပြီး ၂၉ ရက်နေ့မှာရန်ကုန်နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးစိုးရိမ်စရာမရှိကြောင်းကိုလည်း စိုးရိမ်ပေးတဲ့ ပရိသတ်တွေအတွက် ပြောကြားထားတာတွေ့ရပါတယ်။ 

ဒီကနေ့ စိုင်းဆိုင်မောဝ်ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်လည်း ကျန်းမာရေးအခြေနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းနှင့်အတူ ကျေးဇူးအချို့ကိုလည်း ကျေးဇူးတင်စကားပြောကြားထားတာတွေ့ရပါတယ်။ ကျန်းမာရေးအခြေနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး ပရိသတ်တွေအတွက်တေးသီချင်းတွေပြန်လည်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Photos - စိုင်းဆိုင်မောဝ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။