မလေးရှားခေါင်းဆောင်ဟောင်း နာဂျစ် ရာဇက် ရဲ့ အိမ်ကို ရဲက အရင်တပတ် သောကြာနေ့က ရှာဖွေခဲ့ရာမှာ ပိုက်ဆံတွေကို အိတ် ၃၅ လုံးနဲ့ သိမ်းဆည်းရရှိခဲ့ပါတယ်လို့သိရပါတယ်။

ဒါ့အပြင် နာရီနဲ့ လက်ဝတ်ရတနာတွေကိုလည်း အိတ် ၃၇ လုံးနဲ့ သိမ်းဆည်းရရှိခဲ့ပြီး စုစုပောင်း တန်ကြေး စုစုပေါင်း ဒေါ်လာ ၂၈ ဒသမ ၆ သန်း သိမ်းဆည်းရရှိခဲ့တာပဲဖြစ်ပါတယ်။

မစ္စတာရာဇက်ရဲ့အိမ်ကို ဝင်ရောက်စီးနင်းခဲ့တာကတော့ 1MDB လို့ခေါ်တဲ့ မလေးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနပိုင် ကုမ္ပဏီက ငွေတွေ အခိုးယူခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ရာကနေ ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

1MDB နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ထဲမှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကိုယ်တိုင်ကို လည်း ဒေါ်လာ သန်း ၇ဝဝ သူ့အိတ်ထဲ ထည့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၂ဝဝ၉ ခုနှစ်ကတည်းက ဖြစ်ပေါ်ခဲ့ ဖူူးပေမယ့် ဒါပေမယ့် မစ္စတာ နာဂျစ်ကတော့ သူ့အနေနဲ့ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့သလို တရားရုံးကလည်း ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်လို့လည်းသိရပါတယ်။

အခုသူ့အိမ်ကနေ ငွေတွေ သိမ်းဆည်းရမိတဲ့ ကိစ္စကိုလည်း သူ့ပါတီကတော့ ဒီငွေတွေဟာ ပါတီရန်ပုံငွေတွေလို့ ပြောကြားခဲ့တယ်လို့သိရပါတယ်။

မစ္စတာနာဂျစ်ရဲ့ပါတီဖြစ်တဲ့ မလေးရှား အမျိုးသားညီညွတ်ရေးပါတီ ဟာ ရွေးကောက်ပွဲကာလ မဲဆွယ်ရာမှာ ပါတီငွေ အမြောက်အမြားဟာ ပါတီခေါင်းဆောင်ဆီမှာ အပိုကျန်ရှိနေခဲ့တာ ဖြစ်တယ်လို့ ပါတီဘက်က ပြောကြားခဲ့ပါတယ်လို့လည်းသိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။