နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးရဲ့ ညီမလေးဖြစ်တဲ့ သဇင်မြင့်နိုင် တစ်ယောက် မနေ့က 27.5.2018 မှာ အသက် 18 နှစ် ပြည့်မွေးနေ့လေးကိုကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစုစုံစုံလင်လင်နဲ့ ဒီပွဲလေးဟာ တကယ်ကိုပျော်စရာအတိနဲ့ ပြည့်စုံခဲ့ပါတယ်။ ညီမတွေ အားလုံးအချောလေးတွေချည်းပဲမို့ တကယ့်ကိုနတ်သမီးတွေကြားထဲရောက်သွား သလိုပါပဲ။

အမဖြစ်သူရဲ့ ခြေရာကိုနင်းနိုင်ဖို့အတွက် လက်ရှိမှာတော့ သူမက အနုပညာလှုပ်ရှားမှု တွေ စတင်နေပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ပုံစံလေး ကြောင့် ပရိသတ်တွေရဲ့ ဝန်းရံမှု ကိုရရှိထားသူလေးဖြစ်ပါတယ်။ ကြော်ငြာလေးတွေရိုက်ကူးနေပြီး ပရိသတ်တွေရဲ့ ချစ်ခင် မှုကိုလည်း သိမ်းပိုက်ထား နိုင်ပြီဖြစ်ပါတယ်။ သူမရဲ့ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေး က တကယ်ကိုအမှတ်တရပါပဲ။

ဆွေမျိုးမိတ်ဆွေတွေ စုံစုံလင်လင်ပျော်ပျော်ပါးပါးနဲ့ တကယ်ကိုကြည်နူးစရာကောင်းတဲ့ပွဲလေး ပါပဲ။ ပုံရိပ်လေးတွေကိုကြည့်ပြီး မိသားစုရဲ့နွေးထွေးမှု သူငယ်ချင်းတွေနဲ့အတူဖြတ်သန်းရတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားလို့ရနေပါတယ်။ အဖြူရောင်ဂါဝန်လေးနဲ့ သူမက ဆယ့်ရှစ် နှစ်ပြည့်သွားပြီဖြစ်လို့ လူကြီးစာရင်းစတင်ဝင်သွားတဲ့ သင်ဇာမြင့်နိုင်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။