နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ထက်ထက်အောင် (Bobby Soxer) တစ်ယောက် သူမ ရဲ့ အသက် 25 နှစ်ပြည့်မွေးနေ့ကို ရွှေတိဂုံဘုရားပေါ်မှာ စတုဒီသာကျွေးရင် ဆီမီး တစ်ထောင် ပူဇော် ခဲ့တာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ ဒီအလှူလေးကို သူမရဲ့ ချစ်သူခင်သူတွေနဲ့အတူ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်သူ အဆိုတော်လွှမ်းပိုင်ကလည်း သူမနဲ့အတူ ကြည်နူးစွာနဲ့ ကုသိုလ်ယူဒါနပြုခဲ့တာ ပဲဖြစ်ပါ တယ်။ နှစ်ယောက်လုံးဟာ အောင်မြင်တဲ့အဆိုတော်တွေဖြစ်ကြပြီး ပရိသတ်ချစ်ခင် အားပေးမှုကို လည်း အပြည့်အဝရရှိထားသူတွေလည်းဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ပွဲလေး ကိုလည်း we love တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ပုံစံလေးဟာ တကယ်ကိုအသည်းယားချင် စဖွယ်ပါပဲ။ သူမရဲ့မွေးနေ့အတွက် ကူညီကြသူများကို " ထက်ရဲ့ ၂၅နှစ်မြောက် မွေးနေ့လေး ကို ရွှေတိဂုံဘုရားပေါ်မှာ စတုဒီသာကျွေးရင်း ဆီမီး၁ထောင်ပူဇော်ဖြစ်ခဲ့ပါတယ် ဒီအစီ အစဉ်လေးဖြစ်မြောက်အောင် လည်း ပရိသတ်(ချစ်တဲ့ rocketeerလေး) တွေကပဲ အစအဆုံး လှည့်ကြည့်စရာမလိုအောင် စီစဉ်ပေးခဲ့တာပါ မွေးနေ့အလှူအတွက် ပါဝင်ပေးကြတဲ့ ရန်ကုန်/နယ်ကပရိသတ်တွေရော အစစအရာရာ ကူညီပေးကြသူတွေကိုလည်းကျေးဇူးပါလို့ တကယ်လည်း ကြည်နူးပြီးပီတိဖြစ်ရပါတယ် ဒီလိုမျိုးလေးပဲ အဓိပ္ပါယ်ရှိရှိအားလုံးနဲ့တူတူ အသက်တွေကြီးသွားချငိပါတယ်လို့ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ထက်ထက်ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။