ပရိသတ်အချစ်တော် Beauty Blogger မလေးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးတစ်ယောက် Instagram မှာ Typical Burmese Fashion အတွက် သူမရဲ့အမိုက်စားစုံတွဲကြော်ငြာ ပုံရိပ် တွေကို တင်လိုက်တာ ပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးရဲ့ အမိုက်စား Pose တွေက အပြတ် အသတ်ကြွေချင်စရာပါပဲ။ လိုက်ဖက် လွန်းတဲ့ပုံရိပ်တွေကလည်း တစ်မျိုးလေး ဆွဲဆောင်မှု ပိုနေပါတယ်။

Beauty Blogger အဖြစ်နဲ့ သူမကိုပရိသတ်တွေက စတင်သတိထားမိခဲ့ပြီး Chilli ဆိုတဲ့သူမရဲ့ Nickname လေးကို fan တွေက ချီချီဆိုပြီး ချစ်စဖွယ်အဖျားစွတ်ခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူမရဲ့အလှအပဆိုင်ရာ Video လေးတွေဟာလည်း အမျိုးသမီးတွေအတွက် အတော်လေး အသုံး ဝင်တာမို့ မိန်းကလေးအများစုရဲ့ Idol လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့သူမက " ဧည့်သည် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးမှာ ဖြစ်ပါ တယ်။ ဒီဇာတ် ကားဟာ သူမရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်တယ် လို့လည်းဆိုပါတယ်။ ဘယ်လိုပုံစံနဲ့ ပရိသတ်ရှေ့ကိုရောက်လာမလဲဆိုတာတော့ ရင်ခုန် စိတ် လှုပ်ရှားစရာပါပဲ။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။