ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ညိမ်းသော်တစ်ယောက် လက်ရှိ မှာတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ အာရှရဲ့နံပါတ်တစ် မင်းသား လီမင်ဟိုနဲ့ ရုပ်ချင်းအနည်းငယ်ဆင်တူတယ်ဆိုတဲ့ ဝေဖန်မှုတွေကစလို့ ပျိုပျိုမေ တို့က သတိထားမိလာပြီး လက်ရှိမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ဦး ဖြစ်လို့နေပါတယ်။

ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ " ည " ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေအများအပြားလုပ်လာခဲ့တာပဲဖြစ်ပါတယ်။ ချောမော တဲ့ရုပ်လေးအပြင် ယောကျာ်းပီသတဲ့အမိုက်စားဘော်ဒီကြောင့်လည်း ပျိုပျိုမေတို့ရဲ့အပြတ် အသတ်ဝန်းရံမှုကို ရရှိထားသူ တစ်ယောက်ဖြစ်လို့နေပါတယ်။

ညိမ်းသော်တစ်ယောက် ဘန်ကောက်မှာရိုက်ကူးထားတဲ့ သူ့ရဲ့အမိုက်စားပုံရိပ်တွေကို " ချစ်တယ် ဆိုတာထက်ပိုတယ်ဟုတ် " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အနက်ရောင်အင်္ကျ ီကို အနက်ရောင် ဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်ထားပြီး အဝါရောင်ရှပ်အင်္ကျ ီလေး အပေါ် ကထပ်ဝတ်ထားပုံလေးက အရမ်းကိုသန့်လွန်းေ်နပါတယ်။ ပျိုပျိုတို့ကြွေစေဖို့ရည်ရွယ်လို့ တင်ဆက်ပေးလိုက်ပြီနော်။

Photo - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။