နန်းသူဇာကတော့ အမြဲရွှင်ပြုံးနေတဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေချစ်ခင်နှစ်သက်ကြတဲ့ အနုပညာရှင်လေးတစ်ဦးပဲဖြစ်ပါတယ်။

တီဗွီကြော်ငြာလေးတွေနဲ့ အားပေးသူပရိသတ်အခိုင်အမာရရှိလာတဲ့ နန်းသူဇာကတော့ သီချင်းဆိုရာမှာလည်း ကောင်းမွန်လှသူတစ်ဦးပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း နန်းသူဇာဟာ ပရိတ်သတ်တွေ အံသြသွားစေနိုင်တဲ့ Hair style တစ်ခုကိုပြောင်းလဲခဲ့တာတွေ့ရပါတယ်။ သူမပြောင်းလဲခဲ့တဲ့ ဆံပင်ပုံစံကတော့ ဘေးတစ်ခြမ်းကို ရှိတ်ထိုးကာ အပြောင်သိမ်းခဲ့ပြီး လိုင်းလေးတွေပါဖော်ခဲ့တာပဲဖြစ်ပါတယ်။

အခုလက်ရှိပြောင်းလဲခဲ့တဲ့ ဆံပင်ပုံစံလေးဟာဆိုရင်လည်း သူမနဲ့လိုက်ဖက်မှုရှိသလို ဆွဲဆောင်မှုတွေပိုးတက်လာသလို ခံစားရစေပါတယ်။

ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း လူတစ်ယောက်ဟာ သူနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်တတ်ဖို့ိလိုပါတယ်။ အခုနန်းသူဇာရဲ့ Hair style အသစ်လေးဟာဆိုရင်လည်း ဂေါ်တယ်ဆိုတာထက် သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုမိုပေါ်လွင်လာစေတယ်လို့ထင်ပါတယ်။

ပရိသတ်တွေရော နန်သူဇာရဲ့ hair style အသစ်လေးကို ကြိုက်နှစ်သက်ကြရဲ့လား။

သတင်းအရင်းမြစ် Nan Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။