စံထိပ်ထားဦးကတော့ လက်ရှိနာမည်ကြီးနေတဲ့ ဆယ်ကျော်သက် အနုပညာရှင်လေးတွေထဲက တစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း အခွင့်သင့်ရင်သင့်သလို အနုပညာအလုပ်တွေများစွာ လုပ်ကိုင်နေသူလေးတစ်ဦးပဲဖြစ်ပါတယ်။

လတ်တလောလူမှုကွန်ယက်မှာပေါ်ဆိုရင်လည်း သူမဟာ ကမ္ဘာကျော် pop အဆိုတော်တစ်ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာရဲ့ ပုံတူကိုထုဆစ်ထားတဲ့ ဖယောင်းရုပ်ကလေးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ပုံရိပ်ကလေးဟာ ပရိသတ်တွေကြားမှာရေပန်းစားလို့နေပါတယ်။ ထိုအရုပ်ကလေးကတော့ ဂျက်စတင်ဘီဘာကိုလေးစားသောအားဖြင့် သူ့ရဲ့ငယ်ဘဝပုံစံလေးကို ထုဆစ်ထားတဲ့အရုပ်ကလေးပဲဖြစ်ပါတယ်။

ထိုအရုပ်ကလေးနဲ့အတူ ရိုက်ကူးထားတဲ့ စံထိပ်ထားဦးရဲ့ ဓာတ်ပုံလေးဟာဆိုရင်လည်း ရင်ခွင်မှီအရပ်ကလေးနဲ့ဆိုတော့ ချစ်စရာကောင်းလှပါတယ်။ လက်မောင်းကလေးကိုကိုင်ကာ ပခုံးကလေးကိုမှီထားပြီး ရိုက်ကူးထားတဲ့ စံထပ်ထားဦးရဲ့ ဓာတ်ပုံလေးကတော့ ဂျေဘီရဲ့ fan တွေကို အားကျသွားစေနိုင်တဲ့အရာလေးတစ်ခုပါပဲ။ ပရိတ်သတ်တွေရော သက်ရှိဂျေဘီနဲ့ဖြစ်ဖြစ် ဖရောင်းရုပ်ဂျေဘီလေးနဲ့ပဲဖြစ်ဖြစ် အမှတ်တရဓာတ်ပုံလေးတစ်ပုံလောက်တော့ မရိုက်ကူးချင်ကြဘူးလား။

source - San Htate Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။