မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ သွားပြီလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေပြီး မနက်ဖြန်မနက်အထိ ပြည်နယ်နဲ့တိုင်း ဒေသကြီးအတော်များများမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမယ် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လေပြင်းတွေတိုက်ခတ်မှုကြောင့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေးနဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ စေတီဘုရားတွေ၊ လူနေအိမ် အဆောက်အဦ တွေ ပျက်စီးခဲ့ပြီး သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲကျခဲ့ပါတယ်။  

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်တာပါ။မိုးလေဝသပညာရှင် ဒေါက်တာဦထွန်းလွင်ကလည်း နောက် ၄၈ နာရီအတွင်း မုန်တိုင်းဖြစ်ဖို့ ရာခိုင်နှုန်း တွက်ချက်မှုအရ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်ဖို့ ၁၄ ရာခိုင်နှုန်မှ ၁၆ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ မနေ့ညကတည်းက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

photo scoure:The Mirror Chief Bureau

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။