အချစ်တော်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ပရိသတ်တွေအံ့သြမင်သက်သွားလောက်ရတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအချစ်ပိုဖမ်းစားလိုက်ပြန်ပါပြီ..။

မင်းသမီးချောလေးသုသုကတော့ မေလ (၃၀)ရက်နေ့က ရန်ကုန်မြို့ ၊ Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ OPPO ရဲ့ ထုတ်ကုန်သစ် F7 ကို မကြာမီဈေးကွက်အတွင်း ဖြန့်ချီဖို့အတွက် အကြိုမိတ်ဆက်ပွဲလေးကို တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ချစ်စဖွယ်ပုံရိပ်လေးနဲ့ အခမ်းအနားပွဲလေးကိုတတ်ရောက်လာတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ အံ့သြမင်သက်သွားလောက်အောင် ဘာဘီအရုပ်မလေးလို လှသွေးကြွယ်နေပြီး အားလုံးရဲ့အမြင်အာရုံတွေသိမ်းပိုက်လိုက်တာပါ..။

တခမ်းတနားလှနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေေးတွကိုတော့ သုသုကသူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

OPPO ရဲ့ ထုတ်ကုန်သစ် F7 အကြိုမိတ်ဆက်ပွဲအခမ်းအနားလေးကိုတော့ မင်းသမီးချောလေး ပိုင်ဖြိုးသုအပြင် အခြားအနုပညာရှင်များလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

Evening Grown ဂါဝန်လေးနဲ့ ဘာဘီအရုပ်မလေးလို လှသွေးကြွယ်နေတဲ့ သုသုလေးရဲ့အလှပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်ကြီးတွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - သုသု၊ နေမင်းထွန်း၊ Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။