ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ အားလုံးရဲ့အချစ်တော်မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ မြန်မာနိုင်ငံမှာမဟုတ်ဘဲ ပြင်ပနိုင်ငံမှာတောင် မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ မြန်မာမှုကိုပြသခဲ့တာ တွေ့ရပါတယ်..။

ခေးလေးလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးခင်ဝင့်ဝါကတော့ လတ်တလောမှာ ထိုင်ဝမ်ကိုရောက်ရှိနေတာဖြစ်ပြီး DR.WU ရဲ့ Head office ကို သွားရောက်လေ့လာလည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်..။

ထိုင်ဝမ်မှာ မြန်မာဝတ်စုံလေးကို ဂုဏ်ယူဝင့်ကြွားစွာဝတ်ဆင်ထားပြီး မဟာဆန်ဆန်ကျက်သရေရှိတဲ့အလှတရားတွေနဲ့ မြန်မာမှုအလှတွေကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်..။

အနီရောင်ချိတ်ဝမ်းဆက်လေးနဲ့လိုက်ဖက်ညီစွာ ယဉ်ယဉ်ကျေးကျေးလေးလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ ခေးလေးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း မျှဝေထားပါသေးတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထိုင်ဝမ်ကိုရောက်ရှိနေတာဖြစ်ပြီး မေလ(၃၀)ရက်နေ့မှာတော့ (မနေ့က) Dr.Wu ရဲ့ new product ဖြစ်တဲ့ Mild - O cleansing series မိတ်ဆက်ပွဲလေးကို တတ်ရောက်ခဲ့တာ တွေ့ရပါတယ်..။

မြန်မာဝတ်စုံလေးနဲ့ မဟာဆန်စွာကျော့ရှင်းလှပနေသလို အနောက်တိုင်းဖက်ရှင်ဒီဇိုင်းလေးနဲ့လည်း ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေးခင်ဝင့်ဝါရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ချစ်ရပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယေ်နာ်..။

Photo - ခင်ဝင့်ဝါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။