မော်ဒယ်သရုပ်ဆောင် မေမြင့်မိုရ်ဟာ ပန်းနုသွေး ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု အပြည့်အဝရခဲ့တဲ့ အနုပညာရှင် မင်းသမီးချောလေးတစ်ယောက်ဘဲဖြစ်ပါတယ် ။ ဥပဒေ ဘွဲ့ရတစ်ဦးဖြစ်ပေမယ့် ဝါသနာပါရာအနုပညာအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ရင်း ပရိတ် သတ်တွေရဲ့အချစ်ကို အရယူနေတာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အနေအထား တစ်ခုမှာ ရပ်တည်နေတာဖြစ်ပြီး အားပေးသူပရိတ်သတ်တွေက လည်း အများအပြားပါပဲ။

လက်ရှိမှာတော့ သူမဟာ 2018 ခုနှစ်အတွက် LG Brand Ambassador အဖြစ်ခန့် အပ် ခံခြင်းခံခဲ့ရပါတယ် ။ သူမကိုယ်တိုင် LGကို ယုံယုံကြည်ကြည်သုံးစွဲနေသလို သူမရဲ့ ပရိသတ် တွေကိုလည်း သုံးစေချင်တယ်လို့သူမ ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ် ။ ခုလို Brand Ambassador တစ်ယောက်ဖြစ်လာတဲ့အခပေါ်မှာ တာဝန်တွေအများ ကြီးရှိ လာတယ်လို့ခံယူထားပြီး LG နဲ့ပက်သက်ပြီး LGရဲ့ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာလည်း တစ် ဖက်တစ်လမ်းကပါဝင်ကူညီအားဖြည့်ပေးသွားဦးမယ်လို့ သိရပါတယ် ။

သူမဟာ LG Brand Ambassador ခန့်အပ်ခြင်းခံရတဲ့ပွဲမှာ အနီရောင် ဂါဝန်လေးနဲ့ တောက် ကြွစွာလှပနေပါတယ် ။ ပန်းနုသွေး ဇာတ်လမ်းတွဲမှာ ရိုးအေးတဲ့မိန်းကလေးတစ်ယော က်အဖြစ်တွေ့မြင်ခဲ့ရတဲ့သူမဟာ LG Brand Ambassador ခန့်အပ်ပွဲမှာတော့ နီနီရဲရဲ ဝတ်စုံ လေးနဲ့ အရမ်းကို တောက်ကြွလှပနေခဲ့တာပါ ။ မေ့ကို ချစ်တဲ့ပရိသတ် ကြီးအတွက် သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ရပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။