ဂေါ်ရခါးသီးဟာ မြန်မာနိုင်ငံမှာဈေးအသင့်အတင့်ရှိပြီး လွယ်ကူစွာဝယ်ယူစားသောက်နိုင်တဲ့ သီးနှံတစ် မျိုးဖြစ်ပါတယ်။ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါတယ်။ လတ်ဆက်တဲ့ ဂေါ်ရခါးသီးဆိုရင် ပိုပြီးကျန်းမာရေးကို ကောင်းစေပြီး အာဟာရလည်းပြည့်စုံစေပါတယ်။ဂေါ်ရခါးသီးမှာပါဝင်တဲ့ ကစီဓာတ်၊ ဗီတာမင်စီ၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင်ဘီ၊ တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ဂေါ်ရခါးသီးဟာ အမျှင်ဓာတ်များစွာပါဝင်နေ တဲ့ သီးနှံတစ်မျိုးဆိုလည်းမမှာပါဘူး။ 

သွေးထဲမှာရှိတဲပ ဆဲလ်တွေကို အကျိုးများဖြစ်ထွန်းစေပါတယ်။ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေ မိခင်လောင်း တွေဂေါ်ရခါးသီးကိုစားပေးရင် မွေးလာတဲ့ကလေးကို ဉာဏ်ရည်ဖွံဖြိုးစေပါတယ်။ပြီးတော့ ဝိတ်များနေတဲ့ သူတွေအနေနဲ့ ဂေါ်ရခါးသီးကိုစားပေးရင် ကိုလက်စထရောကိုလျော့နည်းစေပါတယ်။ကင်ဆာကို ကာကွယ် ပေးနိုင်ပြီး အိုးမင်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ 

ခန္ဓာကိုယ်ကျန်းမာကြံခိုင်ဖို့ ဂေါ်ရခါးသီးကိုစားပေးသင့်ပါတယ်။အူကိုကောင်းစွာ ကျန်းမာစေပါတယ်။ အယ်လ်ဇိုင်းမာဝေဒနာ ၊စိတ်ကျဝေဒနာတွေကို ကာကွယ်တားဆီးပေးပါတယ်။ အိပ်မပျော်သူတွေလည်း စားပေးသင့်ပါတယ်။ခံတွင်းကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ဝက်ခြံသမားတွေအနေနဲ့ စားပေးသင့် ပါကြောင်း တင်ပြလိုက်ရပါတယ်။အားလုံးကျန်းမာကြပါစေ။

Source: ကြေးမုံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။