Trasier ဆိုတဲ့အကောင်လေးတွေဟာ သေးငယ်လွန်းပီး ၁၂စင်တီမီတာအရှည်လောက်ပဲရှိပါတယ်။ဒါပေမယ့် သူတို့ရဲ့အမြီးကတော့ ခန္ဓာကိုယ်ထက်ပိုမိုရှည်လျားပီး ၂၀စင်တီမီတာလောက်ရှည်ပါတယ်။ဒီအကောင်လေးတွေရဲ့အလေးချိန်ဟာအများဆုံး(၁၀၀ )ဂရမ်လောက်သာရှိကြတာပါ။ သူတို့ဟာသေးငယ်တဲ့ ပုတက်၊ငါးနဲ့အင်းဆက်တို့ကိုသာစားသုံးကြပီး ညဘက်မှသာအစာရှာထွက်လေ့ရှိကြပါတယ်။ နေ့ဘက်မှာတော့အကောင်ကြီးတွေရဲ့ရန်ကကာကွယ်ရန်အတွက် 

Tarsier အကောင်လေးတွေရဲ့ပုံစံဟာ အလွန်ထူးဆန်းလှပီး မီးခိုးရောင ခန္ဓာကိုယ်နဲ့ မျက်လုံးကတော့ အညိုရောင်ခပ်ကြီးကြီးဖြစ်ပီး ညဘက်မှာကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့မျက်လူံးဟာဘယ်လောက်ကြီးသလဲဆိုရင် သူတို့ရဲ့ဦးနှောက်ထက်တောင် ပိုကြီးပါသေးတယ််။ ဒီ့အပြင် ခြေချောင်းတွေဟာ ခန္ဓာကိုယ်ထက်ပိုရှည်ပါတယ်။ 

Trasier လေးတွေဟာကြီးမားတဲ့ခြေချောင်းတွေရှိတာကြောင့် ၃မီတာအကွာအသေးရှိတဲ့ သစ်ပင်တစ်ပင်နဲ့တစ်ပင်ကို ခုန်ကူးနိုင်ပါတယ်။သူတို့ရဲ့ခြေချောင်းတွေကိုသေချာကြည့်ရင် လူတွေရဲ့လက်ချောင်းနဲ့တောင် တူနေပါတယ်။ သူတို့ဟာအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင် နိုင်ငံတို့မှာသာ ကျက်စားကြပါတယ်။ အာ့ဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေကတော့ သူတို့ပုံစံဟာထူးဆနိးလွန်းလို့” Hantu “ လို့ခေါ်ပီး “ သရဲ” လို့အဓိပ္ပါယ်ရပါတယ်။

Source :Wild Life  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။