ရည်းစားထားရမှာကို စိတ်ကုန်သွားတဲ့သူတွေဆိုတာ .. ရည်းစားမထားဖူးတဲ့သူတွေ ၊ ရည်း စားမရနိုင်တဲ့သူတွေကိုဆိုလိုတာမဟုတ်ပါဘူး ။ ရည်းစားထားဖူးပြီး တစ်ယောက်ယောက် ကြောင့် နာကျင်ခံစားခဲ့ရလို့ ချစ်ရမှာ ကို စိတ်ကုန်သွားတဲ့သူတွေပါ ။ ချစ်ရမှာ နောက်ထပ် အချစ်သစ်ရှာရမှာကို စိတ်ကုန်သွားတာ ဟာ လုံလောက်တဲ့အကြောင်း ပြချက်တွေရှိ ပါ တယ် ။

(၁) နာကျင်မှုတွေကိုမခံစားနိုင်တော့ဘူး

အချစ်ရေးမှာ မပျော်ရွှင်ခဲ့ရတာ စိတ်ပူရတာ ၊ သဝန်တိုရတာ ၊ စကားများရန်ဖြစ်ရတာတွေ ကြုံခဲ့ဖူးတဲ့အတွက် အချစ်ရေးဟာ ထင်သလောက် ပျော်ရွှင်စရာမကောင်းဘူး လို့လက်ခံခဲ့ ကြတဲ့သူတွေဖြစ်တဲ့အတွက် နောက်ထပ်အလားတူ နာကျင်မှုတွေကို လက်ခံလိုစိတ်မရှိ တော့ပါဘူး ။ နောက်တစ်ယောက် ကြောင့် နောက်တစ်ကြိမ်ထပ်နာကျင်ရမှာကို မခံစား နိုင် ကြတော့တဲ့အတွက် ရည်းစားထားဖို့စိတ်ကုန်သွားကြတာပါ ။

(၂) ဒေါသကြီးတဲ့သူတွေဖြစ်တယ်

ရည်းစားထားရမှာကို စိတ်ကုန်သွားတဲ့သူတွေထဲမှာ ဒေါသကြီးတဲ့ သူတွေလဲအပါဝင် ဘဲ ဖြစ်ပါတယ် ။ ဒေါသကြီးတဲ့သူတွေက နဂို ဒေါသကြီးတဲ့အခံရှိတဲ့အပြင် မသာယာတဲ့ အချစ် ရေးမှာ စိတ်တိုဒေါသထွက် စရာတွေအများပြား ကြုံတွေ့ခဲ့ရသူတွေပါ ။ မိမိရဲ့ဒေါသကြောင့် မပြောသင့်တဲ့စကားတွေ မလုပ်သင့်တဲ့အလုပ်တွေ လုပ်ခဲ့မိလို့ အကြီးအကျယ် နောင်တရ နေခဲ့ကြသူတွေလည်းဖြစ်ပါတယ် ။ ဒေါသထွက်ခြင်းဟာ ခဏတာရူးသွပ်သွားခြင်းဘဲလေ ။

(၃) ယုံကြည်မှုတွေ ရိုက်ချိုးခံရဖူးတယ်

ရင်ဘတ်ကြီးတစ်ခု လုံးနဲ့ရင်းပြီးချစ်ခဲ့တဲ့အတွက် အသိုင်းဝိုင်းတွေ ၊ သူငယ်ချင်းတွေ ၊ မိသားစု တွေ နဲ့ပတ်ဝန်းကျင်မှာ လူသိရှင်ကြား ချစ်ခဲ့ပြီးမှ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရပြီး တစ်ဘဝလုံးစာရည်ရွယ်ထားပေမယ့် ထားခဲ့ခံခဲ့ရတဲ့သူတွေပါ ။ သူတို့မှာ တခြားတစ် ယောက်ကို ထပ်ယုံကြည်ပေးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး ။ အကြောင်း ကတော့ သူတို့ရဲ့ ယုံ ကြည်မှုတွေကို ရိုက်ချိုးခံခဲ့ရဖူးတဲ့အတွက်ပါ ။

(၄) သူတို့ရဲ့အချစ်တွေကုန်ဆုံးသွားခဲ့လို့ပါ

ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးလို့သတ်မှတ်ပြီး တစ်ဘဝလုံးစာ အတွက်ရည် ရွယ်ပြီး ချစ်ခဲ့ကြတဲ့သူတွေပါ ။ သူမရှိရင် အသက်မရှင်နိုင်ဘူးလို့ တွေးမိတဲ့အထိ ရင်ဘတ်ထဲက နင့်နင့်နဲနဲချစ်ခဲ့ဖူးကြတဲ့သူတွေဘဲဖြစ်ပါတယ် ။ သူတို့မှာ ရှိသမျှ ၁၅၀၀ အချစ်တွေ ကို ပုံအောပြီးချစ်ခဲ့တဲ့အတွက် နောက်ထပ် တစ်ယောက်ကို ထပ်ချစ်ဖို့အချစ်တွေ ကုန်ဆုံး သွား ကြ တဲ့သူတွေပါ ။ အချစ်ဆိုတာ ဘယ်တော့မှမသေဆုံးဘူးဆိုပေမယ့်လည်း ထပ်ချစ်စရာ တွေ့လာလဲ ရှောင်တိမ်းလိုက်တဲ့အထိ အချစ်တွေကုန်ဆုံးသွားခဲ့တဲ့သူတွေပါ ။

Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။