အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရဟိတလှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေ ကြားမှာရေပန်းစားနေပါတယ်။မကြာခဏဆိုသလို လှူဒါန်းမှုတွေပြုလုပ်ပြီး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို လိုက်လံကူညီပေးတဲ့ သူမကတော့ ပရဟိ တစိတ်ဓာတ်အပြည့်နဲ့ တကယ့်ကိုလေးစားစရာကောင်းတဲ့ အနုပညာရှင်လေးအဖြစ် ပရိသတ်တွေ အသိမှတ်ပြုခြင်းခံနေရတာပဲ ဖြစ်ပါတယ်။သူမကတော့ပရဟိတလုပ်ငန်းတွေနဲ့ အတူအနုပညာလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

လက်ရှိမှာတော့ "ရွှေဖူးစာဆုံရာမြေ"လို့အမည်ရတဲ့ mrtv - 4 ရုပ်သံဇာတ်လမ်းတွဲလေးကိုလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာ တော့ မင်းသားချောရန်အောင်နဲ့ အတူ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း သူမရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတစ်ချို့သူမရဲ့ လူမှုကွန်ယက်မှာ မျှဝေထားတာမြင်တွေ့ရပါတယ်။ 

သူမကတော့ အနုပညာအပေါ် စိတ်နှစ်ပြီး ပီပီပြင်ပြင်ကို သရုပ်ဆောင်နေတာမြင်တွေ့ရပါတယ်။ သူမရဲ့ လူမှုကွန်ယက်မှာလည်း "Behind The Scene ရိုက်ကွင်းနောက်ကွယ်က ကိုယ့်ရဲ့ ဟာသပုံလေးတွေနဲ့ အနုပညာသမားများရဲ့ ပင်ပန်းကြိုးစားမှုလေးတွေပါ..ကြည်ြ့ကည့်နော် ချစ်ဆုံးတို့" ဆိုတဲ့စာလေးနဲ့အတူ ရိုက်ကွင်းပေါ်ကဓာတ်ပုံလေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ခိုင်နှင်းဝေ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။