တစ်ချိန်က ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်တဲ့ ဂန္တဝင်ကို တော့ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမုှများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့ဟန်ပန်လေးတွေက ပရိသတ်တွေကို ဖမ်းစားစေခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ ကမ်းခြေမှာ အလွင့်စားဓာတ်ပုံလေးတွေနဲ့ တွေ့ရတဲ့ ဂန္တဝင်ရဲ့ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက်တင်ပြပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ ကမ်းခြေမှာ ပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေပဲဖြစ်ပါတယ်။သူမရဲ့ရိုးရှင်းတဲ့အလှနဲ့ နန်းဆန်နေတဲ့ ဓာတ်ပုံလေးတွေက ပရိသတ်တွေသဘောကျစေလိမ့်မယ်လို့လည်းထင်ပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာ "ရုတ်တရက်ထွက်ခွာသွားမဲ့သူတယောက်အနေနဲ့သူ့ကိုမနူတ်ဆက်ခဲ့လို့လဲနောင်တမရခဲ့ပါဘူး ငါဆက်ပြီးအသက်ရှင်နေရရင်တော့ ..........."ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေနည်းနေပေမယ့်လည်း သူမရဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေဆဲပဲဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-ဂန္တဝင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။