နာမည်ကျော် အဆိုတော်တစ်ဦး ဖြစ်တဲ့အပြင် သရုပ်ဆောင် ဘက်မှာလဲ ပရိသတ်အားပေး မှုရရှိထားတဲ့ နန်းမြတ်ဖြိုးသင်းက ၂ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့မွေးနေ့အတွက် အမွန်မြတ်ဆုံးကုသိုလ်ဖြစ်တဲ့ သာသနာဘောင်ကို ဝင်ရောက်တော့မှာဘဲ ဖြစ်ပါတယ် ။ သူမနဲ့ အတူ သူမခင်ပွန်းနဲ့ မော်ဒယ်သရုပ်ဆောင် နန်းသူဇာတို့လည်း အတူတူသာသနာ ဘောင်ကို ဝင်ရောက်မှာဘဲ ဖြစ်ပါတယ် ။ သူမအတွက် ကုသိုလ်တရားတွေ ထုံမွှမ်းနေတဲ့ မွေးနေ့ပွဲလေးဖြစ်မှာ အသေချာပါဘဲ ။

သူမက မွေးနေ့မတိုင်ခင် သူမရဲ့ဆံပင် ပုံစံကို ပြောင်းလဲခဲ့ပါတယ် ။ သူမဟာ ဆံပင်အတိုလေး နဲ့ Tom boy လေးလား လို့အထင်မှားရလောက် အောင် ချစ်စရာကောင်းနေတာပါ ။ " တစ် သက်လုံး ဒီဆံပင်ဘဲထားလိုက်တော့ရင်ကောင်းမလား " ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့လူမှု ကွန်ယက် စာ မျက်နှာကနေ သူမရဲ့ဆံပင်စတိုင် အသစ်ကို ပရိသတ်ကို မျှဝေပေးခဲ့တာပါ ။ ဆံပင်အရှည်လေးနဲ့ အရမ်းလှတဲ့သူမဟာ အခု ဆံပင်အတိုလေးနဲ့လည်း အရမ်းကို ချစ်စရာကောင်းနေတာပါ ။

သူမဟာ မကြာသေးမီကမှ အိမ်ထောင်ပြုလိုက်တာဖြစ်ပြီး သူမရဲ့ခင်ပွန်းနဲ့အတူတူ သာယာ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူမကတော့ အရမ်းကိုကံကောင်းတဲ့ သူပါ ဘဲနော် ။ သူမနဲ့အတူ ပါရမီဖြည့်ပြီး သာသနာဘောင်ကို ဝင်ရောက်ပေးမယ့်သူမရဲ့ ခင်ပွန်းက တော့ တကယ်ကိုလေးစားစရာကောင်းလွန်းပါတယ် ။ ကဲ နန်းမြတ်လေးကို ချစ်တဲ့ပရိသတ် တွေအတွက် သူမရဲ့ ဆံပင်စတိုင်အလန်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် နော် ။

Source : Nan Myat Phyoe Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။