နီနီခင်ဇော်ဟာ 2008 Melody World ကနေ ဂီတလောကထဲက စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ် ။ သူမဟာ လက်ရှိမှာတော့ The Voice Myanmar မှာ ဒိုင်အဖြစ်ပါဝင် ကူညီပေးနေတာဘဲ ဖြစ်ပါ တယ် ။ လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ " ချစ်ရက်နဲ့လမ်းခွဲ " ဆိုတဲ့ သူမရဲ့သီချင်းအသစ် တစ်ပုဒ်ထွက်ထားပါတယ် ။

သူမရဲ့ ချစ်ရက်နဲ့လမ်းခွဲ Music MTV လေးကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်ဆီကို အရောက်ပို့ပေးခဲ့တာဘဲ ဖြစ်ပါတယ် ။ သူမရဲ့ထွက်သမျှသီချင်းတိုင်းဟာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သလိုဘဲ အခုထွက်ရှိမယ့် သီချင်းအသစ်လေးကလည်း ပရိသတ်အကြိုက်တွေ့ဦးမယ့် သီချင်းကောင်းလေးတစ်ပုဒ်ဘဲ ဖြစ်ပါတယ် ။ ထုံးစံအတိုင်း အလွမ်းသီချင်းလေးတွေကို mood အပြည့်နဲ့သီဆိုတတ်တဲ့သူမဟာ ဒီသီချင်းလေးမှာလည်း ခံစားချက်အပြည့်နဲ့သက်ဝင်သီဆိုထားတာကို တွေ့ရပါတယ် ။

သီချင်းအဆိုကောင်းရုံတင်မကဘဲ ဖက်ရှင်အပိုင်းမှာလည်း ပရိသတ်က ဟင်ခနဲ ဟာခနဲ ဖြစ်သွားစေတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ သီချင်းအဆိုကောင်းတဲ့ သူမနဲ့ အလွမ်း သီချင်းလေးဟာ အရမ်းကို လိုက်ဖက်ညီလွန်းနေပါတယ်။ နီနီကိုချစ်တဲ့ ပရိသတ်ကြီး အတွက် သူမရဲ့သီချင်းအသစ်လေးကို မိုးအေးအေးလေး နဲ့ Feel လို့ရအောင် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် ။

Source : NiNi Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။