ပရိသတ်အချစ်တော်မင်းသမီးချောလေး ဘေဘီမောင်ကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီးပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအားပေးမှုများစွာရရှိလာတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်တွေက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာတော့ သူမကတော့ အမေရိကန်ကိုသွားရောက်နေထိုင်မယ်လို့လည်းသိရပါတယ်။အဲ့ဒီအကြောင်းလေးကိုတော့ ဘေဘီမောင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ "အဝေးဆုံးကိုထွက်သွားတော့မယ်ကွယ်.." ဆိုပြီးတော့ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပြင် ပရိသတ်တွေနဲ့လည်း စကားလေးတွေ အပြန်လှန်ပြောထားကြပြီး "အန်တီမော်စီတို့ရှိတဲ့ အမေရိကားသွားနေတော့မယ်.."ဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်..။

မကြာခဏဆိုသလို ကုသိုလ်ကောင်းမှုတွေပြုလုပ်တက်တဲ့ သူမကတော့ အမြဲလိုလိုယဉ်ယဉ်လေးနဲ့လှနေသူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါဦးနော်...

သတင်းအရင်းအမြစ်-ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။