"ဘတ်စ်ကားကျပ်သဖြင့် အမျိုးသမီးတစ်ဦးမူးမေ့သတိလစ်မှုဖြစ်"

အများပိုင်ယာဉ်လိုင်းများ စတင်ပြေးဆွဲသော ယနေ့(ဇန်နဝါရီ ၁၆)

နံနက်တွင် ကားကျပ်သဖြင့် ဘတ်စ်ကားပေါ်၌ အမျိုးသမီးငယ်တစ်ဦး မူးမေ့သတိလစ်ခဲ့သည်။အများပိုင် ဘတ်စ်ကားလိုင်းများ စတင်

ပြေးဆွဲနေစဉ် ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က အသက် ၂၀ အရွယ် မပန်ပန်ဆိုသော အမျိုးသမီးငယ်သည် သမိုင်းဘုရားလမ်း မှတ်တိုင်မှ

အမှတ် ၃၉ လိုင်းပေါ်သို့တက်ကာ အနောက်ဘက် ခုံတန်း၌ လိုက်ပါ

စီးနင်းရာ လှည်းတန်းမှတ်တိုင် အရောက် ကားပေါ်တွင် မူးမေ့

သတိလစ်သွားခြင်းဖြစ်သည်။အဆိုပါ အမျိုးသမီးကို ဘတ်စ်ကား

ယာဉ်နောက်လိုက်မှ ဘီးပေါ်မှတက်ကာ ဆွဲပွေ့ချီထုတ်ပြီး YBS

အတွက် အကူအညီပေးသူများထံ အပ်နှံခဲ့သည်။စေတနာ့ဝန်ထမ်း အမျိုးသမီးငယ်လေးများက မူးမေ့လဲကျသူအား သတိပြန်ရရန်

ပြုစုစောင့်ရှောက်ပေးပြီး အလုပ်သို့ ဖုန်းဆက်ပေးကာ

အိမ်အရောက်ပြန်ပို့ပေးနေကြောင်း သိရသည်။အများပိုင်

ဘတ်စ်ကားပေါ်တွင် မူးမေ့သတိလစ်သူ အမျိုးသမီးအား

ယာဉ်နောက်လိုက်မှ ပွေ့ချီကာ ပြတင်းပေါက်မှ သယ်ယူလာသည်ကို တွေ့ရသည်။

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။