ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ တစ်ရက်တစ်ခြားပိုပို လှလာတာကိုတွေ့မြင်ရပါတယ်။အမြဲတမ်းစမက်ကျကျလှနေသူလေး ခင်ဝင့်ဝါကိုတော့ ပရိသတ်တွေ အချစ်ပိုစေမယ်လို့ထင်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်တွေက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာတော့ သူမဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီး သူမရဲ့ လှပတဲ့ ဓာတ်ပုံလေးတွေကိုပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံတွေကတော့ တကယ့်ကို ဆယ်ကျော်သက်လေးလို နုပျိုလှပနေတာကိုတွေ့မြင်ရမှာပါ။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့ "တစ်ယောက် ထဲ ရိုက် ထား တဲ့ ပုံလေး တွေ ဒီ မှာ တင်မယ် နော်တင် ခွင့် ပြု "ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့လှနေသူလေး ခင်ဝင့်ဝါကတော့ တကယ့်ကို လှပလို့နေပါတယ် ပရိသတ်ကြီးရေ။သူမရဲ့ပရိသတ်တွေအနေနဲ့လည်းသူမအတွက် စကားလက်ဆောင်ပြောခဲ့ကြဖို့မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-ခင်ဝင့်ဝါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။