ပရိသတ်အချစ်တော် မင်းသမီးချောသက်မွန်မြင့်ကတော့ ပရိသတ်တွေကိုအချစ်ပိုစေခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်းအလှူအတန်းတွေပြုလုပ်တက်တဲ့ သက်မွန်မြင့်ရဲ့ မွန်မြတ်တဲ့စိတ်ကလေးကတော့ ဒီနှစ်မှာပြုလုပ်ခဲ့တဲ့ သူမရဲ့အလှူမှာပိုမိုအရောင်တင်စေခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ သက်မွန်မြင့်ကတော့ သူမတို့ပြုလုပ်ခဲ့တဲ့ အလှူအမှတ်တရ ဓာတ်ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြသထားတာတွေ့ရပါတယ်။ 

အဆိုပါ အလှူအတန်းလေးကတော့ သူမတို့မိသားစုနှစ်စဉ်အမြဲပြုလုပ်နေတဲ့ အလှူတစ်ခုဖြစ်ပြီး ဒီနှစ်မှာပိုမိုကျေနပ်ခဲ့ရပြီး ဝမ်းသာမျက်ရည်ကျခဲ့ရကြောင်း သိရပါတယ်။ ယင်းအလှူနှင့်ပတ်သက်ပြီး သက်မွန်မြင့်ကတော့

"လွန်ခဲ့တဲ့ ၂ နှစ်က!

ဒီနှစ်လည်း ဝမ်းသာလို့ မျက်ရည်ကျရတာပဲ!

နှစ်တွေပြောင်းပေမယ့် အချစ်တွေလည်း မပြောင်း

အလှုလည်း မပျက်ကြတဲ့အပြင် ပိုပိုစည်ကားလာတာ သိပ်ဝမ်းသာတယ်

ဒီနှစ်ဆို ၂၇ သိန်းတောင်

အို့အိုးးးး

ကြည်နူးပီတိ ဂွမ်းဆီထိ

သီချင်းလေးနဲ့ ပိုကြည်နူးရ

ကျေးဇူးအထူးပါရှင့်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

အဆိုပါ အလှူလေးကိုတော့ သက်မွန်မြင့်နှင့်အတူ လင်းဇာနည်ဇော်နှင့် သူမချစ်ပရိသတ်တွေဖြစ်တဲ့ We Love Thet Mon အဖွဲ့သားတွေကပါ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တာတွေ့ရပါတယ်။ အသက်ကြီး အဘိုး၊အဘွားများရဲ့ အပြုံးတွေကို ဖန်တီးပေးခဲ့တဲ့ သက်မွန်မြင့်ရဲ့မွန်မြတ်တဲ့ စိတ်ကလေးကိုတော့ ချစ်ပရိသတ်တွေလေးစားမိမယ်ထင်ပါတယ်။ စည်းစည်းလုံးလုံး ကိုယ်ရောစိတ်ပါ ပါဝင်လုပ်ဆောင်ကြတဲ့ သူတို့လေးတွေရဲ့အလှူအမှတ်တရဓာတ်ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ကြည်နူးပီတိများဖြင့် မျှဝေပေးလိုက်ပါတယ်။

Photos - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။