ယခုလတ်တလော နာမည်ကြီး ဖုန်းကုမ္ပဏီတော်တော်များများဟာ Gaming Smartphones တွေကို ဦးစားပေး ထုတ်လုပ်လာကြနေပီပဲ ဖြစ်ပါတယ်။ အခုဒီတစ်ခါ ဖော်ပြပေးမှာကတော့ Asus ကထုတ်လုပ်ထားတဲ့ ROG gaming Phone လေးပဲ ဖြစ်ပါတယ်။ ဒီဖုန်းလေးဟာ Gaming Smart Phone တွေထဲမှာ ဘယ်လောက်တောင် စွမ်းဆောင်ရည် မြင့်လဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။ 

ဒီဖုန်းဟာ Gaming Smartphone လို့ဆိုတဲ့ အတိုင်း သူ့ကို သုံးထားတဲ့ CPU ကတော့ Qualcomm Snapdragon 845ဖြစ်ပြီး Memory ပိုင်းမှာဆိုရင် 128GB (သို့) 512GB storage ဆိုပြီး နှစ်မျိးထွက်ရှိထားပြီး RAM့တော့ 8GB ဖြစ်တာကြောင့် ဂီမ်းဆော့ရာမှာ အထစ်အငေါ့ မရှိပဲ အထာကျကျ ဂိမ်းဆော့နိုင်မှာပဲ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားကလည်း ၆လက်မရှိပြီး ဖုန်းရဲ့ ကိုယ်ထည်ပိုင်းကို အရှေ့ဘက်မှာတော့ ဖန်သားကိုသုံးထားပြီး အပေါ်ထိပ်နဲ့အောက်ဘက်မှာ စပီကာလေးတွေကို တပ်ဆင်ပေးထားပါတယ်။

ဒါ့အပြင်နောက်ကျောဘက်ကို Gorilla Glass နဲ့ဖုံးအုပ်ပေးထားပြီး၊ မတူညီတဲ့ patterns ဒီဇိုင်းလေးတွေနဲ့ ဆင်ပေးထားပါတယ်။ ဘက်ထရီပိုင်းမှာဆိုရင်လဲ 4000 mAh ဘက်ထရီပါဝင်တာမို့ Gaming SmartPhone တစ်လုံးမှာရှိသင့်တဲ့ ဘက်ထရီလို့တော့ ပြောလို့ရပါတယ်။ ယခုဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ဒီဖုန်းရဲ့ စွမ်းဆောင်ရည် အချို့ကိုသာ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။