ဘယ်လိုမိခင်မျိုးပါလဲ..Victoria Martens လို့အမည်ရတဲ့ သမီးငယ်လေးဟာ သူမရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ တကယ်တော့ဒါဟာ Victoria လေးအတွက် ပထမဆုံးအကြိမ်ကြုံရတာ မဟုတ်ခဲ့ပါဘူး။

New Mexico မှာနေထိုင်တဲ့ Victoria Martens အမည်ရ ဆယ်နှစ်သမီးငယ်လေးဟာ ဆိုးဝါးလှတဲ့မိခင်ဖြစ်သူကို အမေတော်ထားရတာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုရှိနေသလားမသိတဲ့ Michelle Martens အမည်ရ သူမရဲ့အမေဟာ Online မှာတွေ့တဲ့ ယောကျာ်းသားအချို့ကို လက်ခံပြီး သူ့သမီးဖြစ်သူနဲ့ လိင်ဆက်ဆံခိုင်းစေခဲ့ပါတယ်။

Victoria လေးဟာ သူမရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရ၊ မီးအရှို့ခံရပြီး သေဆုံးခဲ့ပါတယ်။ အမေဖြစ်သူ Michelle Martens ကို ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးချက်အရ သူမဟာ သူမရဲ့သမီး အစော်ကားခံရတာကို သဘောကျနှစ်သက်စွာ ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ သေဆုံးချိန်မှာ Victoria လေးရဲ့ ခန္ဓာကိုယ်အတွင်းမှာ Alcohol ပါဝင်နေတာကိုတွေ့ရှိပြီး HPV ခေါ် ကာလသားရောဂါတစ်မျိုး ကူးစက်ခံထားရတာကိုလဲ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။