တရုတ်အခြေစိုက် အလီဘာဘာ ကုမ္ပဏီဟာဆိုရင် ကမ္ဘာကျော် သူဋ္ဌေးကြီး ဂျက်မားရဲ့ ဖန်တီးထားတဲ့ လက်ရာ တစ်ခုဆိုရင်လည်း မမှားပါဘူး… အလီဘာဘာ ကုမ္ပဏီမှာ နာမည်ကြီး Amazon တို့လို ကုမ္ပဏီတွေကို မကျော်နိုင်သေးပေမယ့် အာရှမှာတော့ သူ့အောင်မြင်မှုကို အထိုက်အလျောက်ရရှိထားတဲ့ ကုမ္ပဏီတစ်ခု ပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ အလီဘာဘာ ကုမ္ပဏီဟာ သူတို့ရဲ့ ဖောက်သည်တွေ မှာယူတဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးဖို့ အတွက် စက်ရုပ်တစ်ရုပ်ကို ဖန်တီး တီထွင်လိုက်ပီပဲ ဖြစ်ပါတယ်။ 

ဒီစက်ရုပ်လေးမှာ Storage Locker လည်းပါရှိပြီး ကုန်ပစ္စည်းမှာယူသူရဲ့ မျက်နှာအသွင်အပြင်ကိုလည်း မှတ်မိနိုင်တဲ့ နည်းပညာကိုပါ ထည့်သွင်းပေးထားပါတယ်။ အသုံးအဆောင်ပစ္စည်းတွေမဟုတ်ပဲ အစားအစာတွေကို ပါမှာ ယူတဲ့ လူတွေ အတွက် အစားအသောက်တွေကို ပူပူနွေးနွေးဖြစ်သွားအောင် လည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ 

ဒီစက်ရုပ်လေးရဲ့ နာမည်ကိုတော့ G Plus လို့နာမည်ပေးထားပြီး ယခုအချိန်အထိ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးမပြုရသေးဘူးလို့လည်း သိရပါတယ်။ လတ်တလောမှာတော့ တရုတ်နိုင်ငံ ဟန်ဇူးမှာ စမ်းသပ်နေဆဲ အဆင့်ဖြစ်ပြီး ကုန်ပစ္စည်းအတော်များများကို သယ်ယူနိုင်အောင် ပြင်ဆင်နေပီလို့လည်း သိရပါတယ်။ ဒီစက်ရုပ်လေးဟာ တစ်နာရီကို ၉မိုင်နှုန်းနဲ့ သွားနိုင်ပြီး ဝယ်သူတွေ အတွက် အချိန်မှီပို့ဆောင် နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း အလီဘာဘာမှ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။