အနုပညာလောကရဲ့ ပရိသတ်အချစ်တော် မင်းသားမင်းသမီးတွေကို ပွဲလယ်မှာတင့်တယ် လှပအောင် လက်ကလေးတွေရဲ့ပိုင်ရှင်တွေထဲမှာ နာမည်ကြီး မိတ်ကပ်ပညာရှင် မထက် ဟာထိပ်ဆုံးကပါဝင်ပါတယ်။ မြန်မာပြည်ရဲ့ ပထမဆုံး Shemale တစ်ဦးဖြစ်သလို ထိပ်တန်းအလှဖန်တီးရှင်တစ်ဦးလည်းဖြစ်တဲ့ သူမကတော့ သူမရဲ့ အလှအပရေးရာနည်းနာတွေကို ပြန်လည်မျှဝေဖို့အတွက် သင်တန်းတွေလည်း ဖွင့်ထားပါတယ်။ 

ဒီသင်တန်းမှာ မိတ်ကပ် ဆံပင်နဲ့ ပတ်သတ်တာတွေကို သင်ပေးတာဖြစ်ပြီး ဒီနေ့သူမရဲ့ လူမှုစာမျက်နှာမှာတော့ သူမသင်ပေးဖြစ်တဲ့ ဆံထုံးပုံစံလေးကို တင်ထားတာ တွေ့ရပါတယ်။ သူမရဲ့ လူမှုစာမျက်နှာမှာတော့ ဒီဆံထုံးလေးထုံးဖြစ်ပုံကို "သင်​တန်​းသူ သမီး​တော်​ခွင်​့ယူလို့ တီချယ်​ထက်​ပျင်းလို့​ဆံထုံး ထုံးထားလိုက်​တယ်​....." ဆိုပြီး ပြောပြထားတာကို တွေ့ရပါတယ်။

မထက်ဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ကြော်ငြာအချို့ကိုလည်း လက်ခံရိုက်ကူးတတ်ပြီး ပရိသတ်ရဲ့ အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ အနုပညာရှင်အများစုတက်ရောက်တဲ့ ပွဲတွေမှာလည်း သူမကိုမကြာခဏတွေ့ရတတ်ပြီး သူမရဲ့ပွဲတက်ဝတ်စားဆင်ယင်မှုပုံစံလေးတွေဟာလည်း ပရိသတ်တွေကြား နာမည်ကြီးပါတယ်။ ကဲ ပရိသတ်ကြီးအတွက် မထက်ထုံးဖွဲ့ထားတဲ့ ဆံထုံးပုံစံလေးမျှဝေးပေးလိုက်ပါတယ်နော်.....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။