ကျွန်မ မှောင်ရိပ်ခိုတယ်တဲ့။

ကျွန်မအသက် ၁၅နှစ်မှာ ပထွေးက စျေးဦးဖောက်ခဲ့တယ်။ တိုင်ပြောရင်သတ်မယ်တဲ့။မတိုင်ပါဘူး။

လမ်းဘေးကညည့်ငှက်မတယောက်ရဲ့သမီး ပါ။ အမေ့ကိုပြောတော့ ကောင်မ သွားနန့်ပြနေတာကိုး တဲ့။ ကျွန်မနန့်ပြတာ ပထွေးကိုမဟုတ်ဘူး ။အမေနဲ့ ပါလာတဲ့ဖောက်သည်အကိုကြီးကိုပါ။ ခပ်ငယ်ငယ်ဘဲရှိသေးတယ်။ အိမ်ကိုလာခေါ်တတ်တယ်။ အမေပါသွားရင် ကျွန်မစိတ်ညစ်တယ်။ ပထွေးက သဘောကျနေတာကိုး ။ ဘာလို့လဲဆိုတော့ ပိုက်ဆံလဲရတယ်။ ကျွန်မကိုလဲရတယ်။

"နင့်သမီးကို ပိုက်ဆံရှာခိုင်းတော့"

တရက်မှာ ပထွေးကအမေ့ကိုပြောတယ်။ အတော်တတ်နေပြီတဲ့။ အမေက ကျွန်မကိုမျက်စောင်းထိုးတယ်။

"ကောင်မ ..ငါ့ထက်သာတယ်"

ဟုတ်ကဲ့ အမေ။ သင်ဆရာ မြင်ဆရာ ကြားဆရာက အမေဘဲမဟုတ်လား။ အမေလွယ်ခဲ့တဲ့သွေး ..ပထွေးဆီမှာ မွေးခဲ့တယ်။ သမီး အကြွေးဆပ်ပါမယ်။

ဒီလိုနဲ့ ဓါတ်တိုင်လေးတွေကိုမှီပြီး ဖြတ်သွားတဲ့ကားတွေ တစီးပြီး တစီး မျှော်ကြည့်တတ်လာတယ်။

တချို့ကားတွေပေါ်က ကျွန်မကိုစူးစမ်းသလိုကြည့်သွားတယ်။ တချို့ကားတွေပေါ်မှာ မိသားစုတွေ။ မောင်နှမတွေ။ ချစ်သူတွေ ။ အမေကမောင်းလို့ ဘေးမှာသမီးလေးတွေ။ငေးမောနေတဲ့ ကျွန်မကိုသူတို့ ဖြတ်ကျော်သွားတယ်။

ကျွန်မရဲ့ပုံက ထင်သာမြင်သာရှိလို့ တချို့အမျိုးသမီးတွေက ကျွန်မကိုမသတီသလို ကြည့်တယ်။ လမ်းသွားလမ်းလာတွေက ကျွန်မဘေးက ခပ်သုတ်သုတ် ဖြတ်သွားတယ်။ကျွန်မကို မမြင်ဘဲ အမှတ်မဲ့ အနားလာရပ်တဲ့ အမကြီးတယောက် ကျွန်မကို မြင်တော့ ဖြုန်းဆို သရဲကိုတွေ့သလိုဘဲ ချက်ခြင်း ကျွန်မအနားက ခွာသွားတယ်။ ကျွန်မနဲ့ ယှဉ်ရပ်နေတဲ့ အမျိုးကောင်းသားသမီးဆိုတာ မရှိကောင်းဘူး မဟုတ်လား။ သူတို့မပြောနဲ့ ကိုယ့်ဘာသာတောင် လူတယောက်ရယ်လို့ မမြင်ခဲ့ဘူး။

ကျွန်မကိုသူတို့ခေါ်တာရှိတယ်။ ကြက်..တဲ့။

ပထမဆုးံ ကျွန်မကိုခေါ်သွားတာ ကားအနက်ကြီးတစီး။

ယောက်ကျားကလေးယောက်။ တချို့က မူးပြီး ကွဲနေပြီ။ ကျွန်မထက်အသက်အများကြီး ကြီးတဲ့ယောက်ကျားကြီးတွေကိုကြောက်ရကောင်းမှန်းမသိဘူး။ ကားစီးရတာပျော်လိုက်တာ။ မွှေးပြီးအေးနေတဲ့ကားက သန့်ပြီး တောက်ပြောင်နေတာဘဲ။ ဒီနေ့မှဝယ်လာတာတဲ့ ။ သူတို့ပြောနေတာ ကျွန်မကြားရတယ်။ ကားကောင်း ကားခန့် ကြီးမို့ သူဌေးတွေဘဲလို့ ထင်မိတယ်။ မကြာဘူး လူပြတ်တဲ့ တနေရာရောက်တော့ ကျွန်မကို ဆင်းခိုင်းတယ်။

"ကောင်မလေး အောက်ဆင်းပြီး ကားမီးရောင်ရှေ့သွားရပ် ငါတို့ကို တကိုယ်လုးံလှည့်ပြ "

မီးထိုးပြီး ရပ်ထားတဲ့ ကားရှေ့မှာ သူတို့စိတ်တိုင်းကျ လှည့်ပြရတယ်။ ကားထဲက ရီသံတွေ ထွက်လာတယ်။ သူတို့အတွက် ပျော်စရာပါလားလို့ တွေးမိတယ်။ သူတို့မှာသမီးလေးမရှိလို့ ဖြစ်ရမယ်။ ကျွန်မအရွယ်သမီးလေးသာ ရှိရင် ကျွန်မကို သနားနိုင်ကောင်းတယ် လို့တွေးမိတယ်။ အို ကျွန်မဘဝမှာ သနားတာ ချစ်တာ မေတ္တာတွေ ဆိုတာ မတောင့်တ အပ်တဲ့အရာတွေပါ။ ငွေပေးလို့ ရတဲ့ခန္ဓာကို ရောင်းစားနေတဲ့သူမှာ မြတ်နိုးတဲ့အနမ်းတပွင့် ဆိုတာ ကျောက်ဆောင်ကျောက်ခဲကြားက ပွင့်လာမယ့်ပန်းတပွင့်လို ခက်ခဲလွန်းတာ သိထားတယ်။

ကျွန်မတခုတွေးမိတယ် လူတွေကျွန်မတို့ကို အမျိုးမျိုးခေါ်ကြတယ်။ ဖာ တဲ့ ကြက် တဲ့။

အဆင့်တခုသတ်မှတ်ပြီးခေါ်တာရှိတယ်။

လိင်လုပ်သားတဲ့ ။ ဟုတ်တယ်။

အလုပ်သဘောအရ အဲဒါကိုကျွန်မကြိုက်တယ်။

ကျွန်မမှာ ကြေးရှိတယ်။ အဲဒီကြေး ပေးရင် ကျွန်မကိုရမယ်။ ဒါ အရောင်းအဝယ်ဘဲ မဟုတ်လား။

ဒါပေမဲ့ ကျွန်မတို့ကိုလူ့အသိုင်းအဝိုင်း ကြဉ်ထားတာ များတယ်။

တကယ်ဆို မိန်းမအစစ်မဟုတ်တဲ့ ထိုင်းနိုင်ငံက ဇိမ်မယ်တွေ ကထေ တွေ အိန္ဒိယက Hijra ဟစ်ချရာတွေ ဖိလစ်ပိုင်မှာ asog ဆိုက်ဗေးရီးယားမှာ နူချိက ဆိုတဲ့ မိန်းမလျာ တွေ ဒါတွေကိုတော့ လူမှု့ရေးနယ်ပယ်တွေမှာ တရားဝင် အသိမှတ်ပြုထားတယ် မဟုတ်လား။

ပြီးတော့ ကျွန်မတို့က ငွေကြေးအရဆက်ဆံတာ ပိုင်းလုးံမဟုတ်ဘူး တန်ရာတန်ကြေး ရှိတယ်။

သူတပါးမိသားစု မဖျက်ဆီးဘူး။ နှောင်ကြိုးမပါဘူး။

ငွေပေးရင် လိုက်ပါတယ် လို့ကြေညာထားပြီးမှဘဲ။ဒီလိုနဲ့

တရက်တော့ ကျွန်မပြဿနာတက်တယ်။

ကျွန်မကိုခေါ်လာတဲ့ လူကြီးရဲ့မယားငယ်လိုက်လာတာ။ ကျွန်မကို "လင်ခိုးမ" တဲ့။

ကျွန်မအလုပ် လုပ်နေတာ လို့ပြန်ပြောလိုက်တယ်။

ခိုးတာမှမဟုတ်ဘဲ။

"ငါ့လင်ကိုခိုးနေတာ လက်ပူးလက်ကြပ်မိနေတာ တောင်လျာရှည်နေတဲ့ ဖာသည်မ "

ဖာသည်မတော့ ဟုတ်တယ်ရှင့် ဒါပေမဲ့ မခိုးဘူး ပိုက်ဆံပေးလို့ လိုက်လာတာ။ ခိုးစရာမလိုဘူး ။

"ကောင်မ အောက်တန်းစားမ"

ဘယ်သူက ကျွန်မ..အထက်တန်းစားပါပြောလို့လဲ။

"ကောင်မ ပါးရိုက်ရမှာတောင် လက်သနတယ်"

ဒါဆို... ဘာလို့ ဒီအခန်းထဲထိဝင်လာသေးလဲ အမရယ်။အခုတော့ တကိုယ်လုးံ သနသွားတာပေါ့ ...

ဒီမှာတင် ခေါ်လာတဲ့လူကြီးက ကြားကဝင်ဖျန်ဖြေတယ်။ ပိုက်ဆံကုန်ရကျိုးမနပ်တော့ စိတ်လဲတိုနေပုံရတယ်။

"ကဲ မင်းလဲပြန်တော့ လူကြားလို့မကောင်းဘူး ငါလိုက်လာခဲ့မယ်"

"ဘာ ..ရှင်က ကျန်ခဲ့ပြီးဘာလုပ်အုန်းမှာလဲ တဏှာရူးရဲ့"

ဒေါသထွက်သွားတဲ့လူကြီး သူ ့မိန်းမဇာတိရုပ်ကို ထုတ်ပြောလိုက်တယ်။

"အေး ငါတဏှာရူးလို့ နင်လိုမယားငယ်တွေ ဖာတွေ နဲ့ ပိုက်ဆံအကုန်ခံတာ နင့်ပါးစပ်က နောက်တခွန်းထွက်ကြည့် "

ကျွန်မ အဲဒီနေ့က မိန်းမတယောက်ကို အသနားဆုးံဘဲ။ အထူးသဖြင့် သူတပါးလက်က အတင်းလုထားတဲ့ လင်ကို ပိုက်ထားရတဲ့ မိန်းမမျိုး ။

သူခိုးလက်က သူဝှက်လုမှာ စိုးနေရတဲ့ မိန်းမမျိုး။

ငါ့လင် ငါ့လင် လို့ တဆာဆာအော်နေတဲ့အမျိုးသမီးမျက်လုးံတွေ မီးဝင်းဝင်းတောက်သွားတယ်။

မယားငယ်ဆိုတဲ့ဂုဏ်ပုဒ်ဟာ လိင်လုပ်သားတယောက်ရှေ့မှာ ခြေနင်းခုံဖြစ်သွားတယ်မဟုတ်လား။

အဲဒီနေ့က ကျွန်မ အသိတခုရမိတယ်။ငွေလိုချင်လို့ လုပ်ကြတာခြင်းအတူတူ ဗြောင်ပြောပြီး ဗြောင်ယူတာ ပိုပြီးသိက္ခာ ရှိတယ် ဆိုတာပါ။

ဘာဖြစ်လဲ အသွေးအသားရောင်းစားတာခြင်း အတူတူ .. ကျွန်မက သူများလင် မခိုးဘူးရှင့် ...။

ပိုက်ဆံရရင် အိမ်ပြန်တယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။