ဟန်တီဟာဆိုရင် အသက်(၁၅) နှစ်လောက်ထဲက အနုပညာလောကကို ဝင်လာခဲ့တဖြစ်ပြီး Miss ပြိုင်ပွဲတွေနဲ့Modeling & Photo shooting ပိုင်းတွေမှာ နေရာရခဲ့သူ ဖြစ်ပါတယ်။ New York Film Academy ထိ ရုပ်ရှင်အနုပညာကိုလေ့လာခဲ့ပြီး ယခုဆိုရင် ရုပ်ရှင်လောကတွေထိ ခြေဆန့်လာပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးနေပြီးဖြစ်ပါတယ်။ အဆိုဘက်မှာလည်း ပါရမီ ပါသလို "မချစ်တတ်သေးဘူး " သီချင်းခွေ Album တစ်ချပ် ထုတ်ဝေခဲ့ပြီးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပြီးဖြစ်ပါတယ်။ 

ဟန်တီဟာ Miss Face of Myanmar ဆု၊ Miss Supranational 2014 ဆု ရရှိခဲ့ပြီးနောက် နောက်ထပ်Miss ပြိုင်ပွဲတွေ မှာ အတွေ့နည်းလာတာဖြစ်ပါတယ်။ ယခုဆိုရင် Miss ပြိုင်ပွဲတွေကို သူမ တဖန်ပြန်လည် ခြေလှမ်းလာပြီးဖြစ်ပါတယ်။ သူမဟာ အသက်(၂၁)သာရှိသေးပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာကော ပညာရေးမှာ ပါ ထွန်းပေါက်အောင်ကြိုးစားနိုင်သူပါ။ ဒီနေ့ June 12 ရက်နေ့မှာ ဆိုရင် Miss World Myanmar ရဲ့ Official Pageကနေ Top (20) စကာတင် အယောက်(၂၀) ကို တရားဝင်ထုတ်ပြန်လိုက်ပြီး ဟန်တီကလည်း ပါဝင်ယှဉ်ပြိုင်နေတာကို တွေ့ရမှာပါ။

ဟန်တီ့ရဲ့ ခါးနံပါတ်ကတော့ Contestant No. 3 ဖြစ်ပြီး သူမဘယ်လိုကြိုးစားယှဉ်ပြိုင်မလဲ ဆိုတာ ဟန်တီ့ ပရိသတ်တွေ အနေနဲ့ အားပေးရအောင်ဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ ဟန်တီ အတွက် Miss Myanmar World 2018 Winner ဆုကြီး ရရှိပြီး မြန်မာ့ ဂုဏ်ဆောင်နိုင်အောင် Vote ပေးပြီး ကြိုဆိုလိုက်ရအောင်နော်။

source: Miss Myanmar World 2018 facebook page; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။