မနေ့ကကစားခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖို့ရေပန်းစားနေတဲ့ ဘရာဇီးအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲမှာတော့ ပရိသတ်တွေလုံးဝထင်မှတ်မထားဘဲ ဘရာဇီးအသင်း သရေရလဒ်ဖြစ်တဲ့ ၁ ဂိုးစီနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ဘရာဇီးအတွက်ဂိုးတွေကိုတော့ မိနစ်၂၀မှာ ကော်တင်ဟိုကသွင်းယူပေးခဲ့ပြီး ဆွစ်ဇာလန်အတွက်ချေပဂိုးကိုတော့ မိနစ် ၅၀ မှာ ဇူဘာက ခေါင်းတိုက်သွင်းယူပါတယ်။

ဘရာဇီးအသင်း အနိုင်မရတဲ့အကြောင်အရင်းကတော့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ကွင်းလယ်လူဖြစ်တဲ့ပေါ်လင်ဟို ဂိုးရှေ့မှာ အပိုင်ကန်ခဲ့ပေမဲ့ ဂိုးဘေးကနေ ထွက်ခဲ့ရပါတယ်။ဘရာဇီးအသင်းတိုက်စစ်ဆင်ပြီးကစားခဲ့ပေမဲ့ ဆွစ်ဇာလန်ဂိုးသမားကာကွယ်ခဲ့တာကြောင့် သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။

ဆွစ်ဇာလန်တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပြီး ဘရာဇီးအသင်းရဲ့ ဂိုးပေါက်ကိုများစွာခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ဆွစ်ဇာလန်ဟာ ခပ်မာမာ တုံ့ပြန်ကစားသွားလို့ ဘရာဇီးအသင်း စိတ်ကြိုက် မကစားနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။အဆိုပါပွဲမှာ ဘရာဇီးအသင်း ခံစစ်ကအနည်းငယ်လျော့နည်းနေခဲ့ပါတယ်။ယခုနှစ်ကမ္ဘာ့ဖလားဟာ အသင်းကြီးတွေ အခက်ကြုံနေရပြီး အသင်းငယ်တွေခြေစွမ်းပြတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။

PHOTO : BBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။