အသည်းအဆီဖုံးခြင်းကို အရက်သောက်တဲ့သူတွေမှာ အဖြစ်များပေမယ့် အခုခေတ်မှာတော့ အသက် ၄၀ ကျော် အမျိုးသမီး အများစုက အသည်းအဆီဖုံးခြင်း ဝေဒနာကို ခံစားနေရပါတယ်။ ရှိသင့်တဲ့ အဆီ ပမာဏ ထက် ပိုပြီး အဆီတွေ ရှိနေခြင်း၊ အသည်းများ enzyme များနေခြင်းတို့က အသည်းအဆီဖုံးခြင်းကို ဖြစ်စေပါတယ်။ အရက်မသောက်ဘဲ အသည်းအဆီဖုံးခြင်းကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းကတော့ Fructose သကြား စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ အဆိုပါ Fructose သကြားက အချိုရည် တော်တော်များများမှာ ပါဝင်နေပြီး၊ သစ်သီး ဖျော်ရည်များ၊ ပျားရည်၊ ကိတ်မုန့် များနှင့် ရေခဲမုန့်တွေမှာ ပါဝင်ပါတယ်။

Fructose သကြားက အူ ကနေ အသည်းဆီကို တိုက်ရိုက်သွားပြီး အရက်သောက်သုံးသလိုပဲ အသည်းကို ဒုက္ခ ပေးတတ်ပါ တယ်။ ဒီသကြားက အသည်းအတွက်တော့ အဆိပ်တစ်ခု ဖြစ်ပါတယ်။ Fructose ကို စားသုံးလိုက်တဲ့အခါမှာ အသည်းထဲမှာ အဆီအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီသကြားက သွေးထဲမှာ uric acid များနေစေတဲ့ အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သွေးထဲမှာ uric acid level များနေသူများ အနေနဲ့ ဒီသကြားကို မဖြစ်မနေ ရှောင်ဖို့ အရေးကြီးပါတယ်။

Fructose သကြားအပြင် အသည်းအဆီဖုံးခြင်းကို ဖြစ်စေနိုင်တဲ့ တခြား အကြောင်းအရင်းကတော့ -

ဓာတု ဆေးမျိုးစုံ ဖြစ်ပါတယ်။ ဒီလို ဓာတုဆေးမျိုးစုံကို တွေ့ရနိုင်တဲ့ အစားအသောက်များကတော့ အရောင်ပါဝင်သော အချိုရည်ဗူးများ ၊ စည်သွတ်ဗူးများ၊ ပလပ်စတစ်ဗူးများ၊ စည်သွပ်ဗူးများ နှင့် တာရှည်ခံ အစားအသောက်များမှာ ပါဝင်တတ်ပါတယ်။ အသည်းအဆီ ဖုံးခြင်းကို သေချာစေရန်အတွက် Ultrasound ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့်ကတော့ သကြား၊ ဂျုံ စ သည်တို့ကို များများစားလေ့ရှိသူတွေ မှာလည်း ဖြစ်တတ်ပါတယ်။ အသည်းအဆီ ဖုံးနေသူတွေက ခန္ဓာကိုယ် ယောင်ကိုင်းခြင်းမျိုး ဖြစ်နေပြီး ဆီးချို လည်း ရှိနေတတ်ပါတယ်။ ဗိုက်ပူ လာတာမျိုးလည်း ရှိပါတယ်။

အသည်းအဆီဖုံးခြင်းကို သက်သာစေဖို့အတွက် ဟင်းသီးဟင်းရွက် များများစားခြင်း၊ အစေ့ အနှံများ စားသုံးခြင်း၊ ကြက်သား၊ ငါး စားသုံးခြင်း၊ ထောပတ်သီး၊ အုန်းသီး စတာတွေကို စားသုံးပါ။ ဒီအဆီ တွေ ဟာ ယောင်ကိုင်းခြင်းကို ကျစေပြီး အသည်းကို ကောင်းမွန်လာစေနိုင်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။