လေးဘက်နာပိုးက အမျိုးမျိုး ရှိပါတယ်။ ပိုးလေးဘက်နာ၊ သွေးလေးဘက်နာ နှင့် အရေပြား လေးဘက်နာ ဆိုပြီး ဖြစ်ပါတယ်။ ပိုးလေးဘက်နာက နှလုံးအဆို့ရှင်ကို ပျက်စီးတတ်တယ်။ သွေးလေးဘက်နာက အရိုးတွေ ကောက်ကွေးကုန်တယ်။ အရေပြားလေးဘက်နာက ကျောက်ကပ် ပျက်စီးတတ်ပါတယ်။ လေးဘက်နာ ဖြစ်နေတယ် ဆိုပြီး ကိုယ့်စိတ်ကြိုက် ပင်နယ်စလင်း ဆေးများ သုံးဆွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခြားသော အကိုက်အခဲပျောက်ဆေးတွေကို နှစ်ရှည်လများ သုံးစွဲနေခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ကြာရှည်လများ သုံးစွဲလာတဲ့အခါ အစာအိမ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။

လေးဘက်နာနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အချက်များကိုပါ ဖော်ပြပေးလိုက်ပါတယ်။

အချိုမှုန့်၊ အချိုရည်၊ရေခဲမုန့်၊ကိတ်မုန့်၊ ကွတ်ကီး၊မိုင်လို၊ ဟောလစ်၊ အိုဗာတင်း၊နွားနို့၊သကြား၊ဂျုံ ကောက်ညှင်း၊ ဆီကြော် အစားအစာ၊ ဖြူအောင် ချွတ်ထားတဲ့ ဆား၊ခေါက်ဆွဲခြောက် တာရှည်ခံ အစားအစာ၊ ငပိ၊ ငံပြာရည်၊ကြက်ဥ၊ ပဲမျိုးစုံ၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး ဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဆားကြမ်း၊ အရွက်စိမ်းကြိတ်ရည်၊ အရိုးပြုတ်ရည်၊ နွယ်ချို၊ ရှားစောင်းလက်ပတ် ဂျယ်လီ စတာတွေကိုတော့ စားသုံးသင့်ပါတယ်။ ဒါ့အပြင် ချွေးထွက်အောင် နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ခြင်း၊ နေပူစာလှုံခြင်း၊ အိပ်ရေး ဝ၀ အိပ်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင် နေခြင်း စတာတွေနဲ့လည်း သက်သာအောင်ကုစား နိုင်ပါတယ်။

ဒါ့အပြင် လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်း တစ်မျိုးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညှစ်ယူပါ။

(၂) ချင်းကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့် အရည်ညှစ်ယူပါ။

(၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။

(၄) ၎င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးကြမ်းနှင့် ဖြစ်စေ၊ ရေအေးနှင့် ဖြစ်စေ မနက်၊ နေ့လည်၊ ည တစ်နေ့ ၃ ကြိမ်သောက်ပေးပါ။ လေးဘက်နာနှင့် အဆစ်အမြစ်၊ အကြောနာ ရောဂါများအတွက် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

လေးဘက်နာပိုး ရှိ/ မရှိကို သေချာစွာ စစ်ဆေးပြီး ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး ဆေးကုသမှု ခံယူခြင်းကတော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google/ ဆေးမြီးတို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။