Miss Universe Hpakant 2018 ပွဲကို မေလ (၅)ရက်နေံက ဖားကန့်မြို့ ကျောက်စိမ်းခန်းမ မှာ ကျင်းပခဲ့ပြီး winner ဆုကိုတော့ htu seng ဆိုတဲ့ ကချင်မိန်းမလှလေး ရရှိခဲ့ပါတယ်။ အရပ် ၅ ပေ ၇ လက်မ ရှိပြီး အချိုးအစားလှပတဲ့ ကိုယ်ဟန်နဲ့ အရပ်အမောင်းက အရမ်းကိုကြည့်ကောင်းနေပါတယ်။

ရန်ကုန်မှာ နိုင်ငံကိုယ်စားပြု ပြန်လည်ရွေးချယ်မဲ့ Miss Universe Myanmar final ပွဲကြီး မတိုင်ခင် Miss တစ်ယောက်ရှိရမဲ့ လှပကျောရှင်းသပ်ရပ်မှုနဲ့ စတိုင်လ်ကို လုံး၀ စမတ်ကျအောင် အချိန်တိုလေး အတွင်း ပြောင်းလဲနိုင်တဲ့ သူမရဲ့ အရည်အချင်းကိုတော့ ချီးကျူးရမှာ ပါ။ Miss Universe Official ဓာတ်ပုံတွေ ထွက်လာချိန်မှာတော့ ပြိုင်ပွဲဝင်ခါစ ပုံလေးနဲ့ လုံး၀ မတူအောင် ပြောင်းလဲ လှပလာပါတယ်။

ကြည့်ကောင်းပြီး ပြေပြစ်လှပတဲ့ မျက်နာကျနဲ့ သူမက ဒီနှစ် ကချင်ပြည်နယ်ကိုယ်စားပြု Missတစ်ယောက်အနေနဲ့ အလားအလာကောင်းတွေ ရှိနိုင်ပါတယ်။ လတ်တလော အနုပညာအသိုင်းအဝိုင်းနဲ့ Miss လောကနောက်ပိုင်းမှာ တိုင်၇င်းသူတွေက နေရာအတော်အမှာ အရည်အချင်းရှိပြီးအောင်မြင်နေတာမို့ တကယ်ကို သွေးတိုင်း ထက်လာမဲ့ အဖိုးတန် ကျောက်ရိုင်းလေး တပွင့်ဖြစ်နေနိုင်ပါတယ်။သူမရဲ့ ကြိုးစားမှုလေးတွေကို အသိအမှတ်ပြု အားပေးရင်း လာမဲ့ Miss Universe Myanmar 2018ပွဲကြီးကို စောင့်မျှော်ကြည့် ရှူအားပေးကြပါဦးနော်။

SOURCE: Miss Universe Hpakant;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။