ကမ္ဘာ့ဖလားရဲ့ပွဲကျပ်စာရင်းထဲရောက်ရှိသွားတဲ့ အီဂျစ်အသင်းကတော့ ပထမဆုံးပွဲစဉ်မှာပဲ ဥရုဂွေးအသင်းကို ရူံးနိမ့်ခဲ့တာတွေ့ရပါတယ်။ လက်ရှိ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိရန်ခတ်ခဲတဲ့အခြေနေကို ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ ရုရှားအသင်းကတော့ အုပ်စုပထမဆုံးမှာပဲ ဆော်ဒီအာရေဗျအသင်းကို ၅-ဝဖြင့်အနိုင်ယူခဲ့ပြီး အိမ်ကွင်းအသာဖြင့် ကစားထားနိုင်တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။  

လက်ရှိ အီဂျစ်အသင်းရဲ့ အဓိကအားထားရာ တိုက်စစ်မှူးဆာလက်တစ်ယောက် ဒီညကန်မယ့် ရုရှားနှင့်ပွဲမှာပြန်လည်ပါဝင်နိုင်ဖွယ်ရှိပြီး အသင်းအတွက် ဝမ်းသာမှုတွေဖန်တီးပေးနိုင်မလားဆိုတာ ပရိသတ်တွေလည်း စိုးရိမ်နေရပါပြီ။ ဒီညတွေ့ဆုံမယ့် ရုရှား-အီဂျစ်ပွဲကတော့ အီဂျစ်အသင်းရဲ့ အဆုံးအဖြတ်ပွဲစဉ်တစ်ခုဖြစ်သလို ဆာလက်ရဲ့ အနာဂတ်ကိုပုံဖော်နိုင်မယ့်ပွဲတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။ 

အီဂျစ်အဓိကတိုက်စစ်မှူး ဆာလက်တစ်ယောက် နိုင်ငံဂုဏ်သိက္ခာကိုပြန်လည်မြှင့်တင်နိုင်မဆိုတာတော့ ဒီကပွဲရဲ့ ရလဒ်ပေါ်မှုတည်နေပါပြီ။ ကြိုးစားအားထုတ်မှုများစွာနဲ့ ပရိသတ်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမည့် ရုရှား-အီဂျစ် ပွဲကို အတူတူအားပေးဖို့မျှဝေပေးလိုက်ပါတယ်။

Photos - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။