ရုရှားကမ္ဘာ့ဖလားပွဲစဉ်မှာ ရမှတ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ အင်္ဂလန်အသင်းကတော့ လက်ရှိ အသင်းရဲ့ စည်းလုံးမှုနဲ့အတူ ပျော်ရွှင်မှုတွေကိုပါ ပြသခဲ့တာတွေ့ရပါတယ်။ လက်ရှိ နည်းပြဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်းကို လူငယ်ကစားသမားများကိုဦးစားပေး ဖွဲ့စည်းခဲ့ပြီး တူနီးရှားအသင်းကို နောက်ကျဂိုးဖြင့် အနိုင်ယူကာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။  

မနေ့က အင်္ဂလန်အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ်မှာတော့ ကလေးငယ်တွေလို ရေကန်ထဲမှာ အရုပ်တွေနဲ့အတူတူကစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ရေကူးကန်တွင် ကွင်းလယ်လူလင်ဂတ်က ကင်မရာမင်းတစ်ယောက်လို ဓာတ်ပုံတွေလိုက်ရိုက်နေပြီး မန်ယူကစားဖော် အက်ရှ်လေယန်းကလည်း အိုက်တင်အမျိုးမျိုးနဲ့ စတိုင်ထုတ်နေတာတွေ့ရမှာပဲဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းသားတွေအပေါ်မှာ ရင်းနှီးနွေးထွေးစွာဆက်ဆံတတ်ပြီး ကစားသမားတွေကြားထဲမှာလည်း တစ်ဦးနဲ့တစ်ဦးငယ်ပေါင်းတွေလိုရင်းနှီးစေဖို့ ညွှန်ကြားနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။  

ဒါဟာ အင်္ဂလန်အသင်းအတွက် အရင်ပြိုင်ပွဲတွေနဲ့မတူတဲ့ စိတ်ဓာတ်ပိုင်းကိုလည်းဖြစ်စေတယ်လို့ သုံးသပ်မှုတွေအရတွေ့ရှိရပါတယ်။ ရလဒ်ကောင်းတွေထိန်းသိမ်းနိုင်ပြီး ပျော်ရွှင်မှုကို ဆက်လက်တည်နိုင်မလားဆိုတာတော့ ပရိသတ်တွေနဲ့အတူ နောင်လာမည့်ပြိုင်ပွဲတွေကို အတူတူအားပေးရင်း မနေ့က အင်္ဂလန်အသင်းရဲ့ ပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ်။

Photos - The One Sports Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။