မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု ရွာထောင်ကျေးရွာတွင် ဇွန် ၉ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းရေများ တိုးမြင့်ကာ ရေတိုက်စားမှုများဖြစ်ပေါ် ပြီး မုန်းချောင်းကမ်းပါး ပြိုကျမှုများ ဖြစ်ပွားနေသည့်အတွက် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသဖြင့် ပွင့်ဖြူမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်ဇော်၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက ဇွန် ၁၉ ရက်၊ ယမန်နေ့ နံနက်ပိုင်းက ရွာထောင် ကျေးရွာသို့ သွားရောက်ပြီး မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၉)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရသော ဒေသခံအိမ်ထောင်စုဝင်များအား ပြည်သူ့အကျိုးပြု ဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မုန်းချောင်းရေတိုးမြင့်ကာ မြို့နယ်အတွင်းရှိ ကျေးရွာအချို့ လူနေအိမ်များ ရေဝင်ရောက်မှုတွေ ဖြစ်ခဲ့သည့်အပြင် မုန်းချောင်းကမ်းပါး ရေတိုက်စားမှု ကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရ ပါတယ်။ မနေ့က မနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ အုပ်စု - ရွာထောင်ကျေးရွာမှာ လူနေအိမ်(၉)လုံး မုန်းချောင်းရေတိုက်စားမှုကြောင့် မုန်းချောင်းကမ်းပါးပြိုကျပြီး ပြောင်းရွှေ့ ရတယ်ဆိုတာ သိရလို့ ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ သွားရောက်ပြီး ပြောင်းရွှေ့ရသည့်ဒေသခံ အိမ်ထောင်စု(၉)စု ကို ဘေးလွတ်ရာသို့ ပြည်သူ့အကျိုးပြု ပြောင်းရွှေ့ခြင်းများ ပြုလုပ်ပေးခဲ့ ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်က ပြောပြခဲ့ပါတယ်။

ပွင့်ဖြူမြို့နယ် ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာတည်ရှိနေပေမယ့်လည်း ပြောင်းလဲလာတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် မိုးတွင်းအခါမှာ ရေကြီးနစ်မြုပ်တဲ့ ဒဏ်တွေ ကိုမကြာ ခဏခံစားနေရတာလည်း ဖြစ်ပါတယ်။ပရိသတ်ကြီးရေ အခုလိုလိုအပ်နေတဲ့သူတွေအတွက် ပြည်သူ့ဝန်ထမ်းတွေရဲ့ ကူညီပေးမှုတွေကတော့ လေးစားစရာပါ ။ပြည်သူကိုချစ်ကြတနဲ့ ရဲသားကြီးတွေအတွက် ဂုဏ်ပြုစကားလေး များ ပြောကြားပေးသွားကြပါဦးနော် ။

ရဲဝင်းနိုင် (ညောင်ဦး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။