တင်္နသာရီဒေသမှာ ရေလူသားတွေလို့ တင်စားကြတဲ့ ဆလုံလူမျိုးတွေဟာ အခုအချိန်မှာပျောက်ကွယ်တော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။

မျိုးတုံးပျောက်ကွယ်တော့မယ့် တနင်္သာရီတိုင်းအတွင်းက ဆလုံလူမျိုးတွေကို နယ်မြေသတ်မှတ်ပေးပြီး ကာကွယ်ဖို့ အမျိုးသားလွှတ်တော်က ဇွန်လ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ဇွန်လ ၂၀ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အစိုးရရဲ့အာမခံချက်၊ ကတိကဝတ်နဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးတာ ဖြစ်ပြီး အဲဒီအချက် တွေထဲမှာ မျိုးတုံးပျောက်ကွယ်လုနီး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဆလုံလူမျိုးတွေအရေးလည်း ပါဝင်ခဲ့တာပါ။

လူဦးရေ ၂ ထောင်အောက်သာ ရှိတော့တဲ့ ဆလုံလူမျိုးတွေဟာ သူတို့နေရပ်တွေမှာ အခြားသူတွေ ရွှေ့ပြောင်း နေထိုင်လာတဲ့အတွက် နေရာနည်းပါးလာမှုနဲ့အတူ သူတို့ကိုယ်တိုင်လည်း ထိုင်းနိုင်ငံလိုနေရာတွေကို ရွှေ့ပြောင်းတာတွေရှိနေတာကြောင့် အမြန်ထိန်းသိမ်းဖို့ လိုအပ်လာတာဖြစ်ပါတယ်။' 'အရင်တုန်းက ရေမှာပျော်တဲ့ ဆလုံတွေအနေနဲ့ မိုးတွင်းဆိုရင် ကျွန်းမှာခိုပြီး ရာသီဥတုသာယာရင် ရေပေါ်ထွက် ငါးဖမ်းကျပြီး အခုအခါမှာ ခိုစရာကျွန်းတွေ အလွန်နည်းသွားခဲ့သလို ဆလုံတွေရဲ့ ဘဝတွေဟာလည်း တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါးအခြေအနေ ကို ရောက်ရှိလာခဲ့ပါပြီ ။

အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေကတော့ သူတို့အနေနဲ့ အခုလိုထောက်ပြတာဟာ တိုင်းရင်း သား ဆလုံလူမျိုးတွေရဲ့ယဉ်ကျေးမှု ထိန်းသိမ်းရေးလို သီးသန့်ဇုံနယ်မြေအဖြစ် သတ်မှတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဆွေးနွေးတာတာဖြစ်ပြီး ဖွဲ့စည်းပုံကို ကျော်လွန်မှုမရှိဘူးလို့ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။အန်အယ်လ်ဒီကိုယ်စားလှယ်တွေကတော့ ဆလုံတွေသီးသန့်နေရမယ်၊ တခြားသူတွေ မလာရဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ သူတို့ရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်မဲ့ သူတွေကိုသာ မလာစေဖို့ ဆိုလိုတာဖြစ်တယ်လို့ ဆိုကြပါတယ်။ဆလုံတွေကို မျိုးတုံးပျောက်ကွယ်မသွားစေဖို့ ဆုတောင်းပေးကြပါဦးနော်။

Source - Hluttaw Channel 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။