ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ Ella Ruby Ginn ဆိုတဲ့ အမျိုးသမီးကတော့ ဗင်နီဂါကို တော်တော်စွဲလန်းနှစ်သက်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ ဗင်နီဂါကို သောက်သုံးရတာတာကို စွဲလန်းလွန်းတာကြောင့် တစ်ပတ်ကို ၂ပုလင်းခန့် သောက်ဖြစ်တယ်လို့ သိရပါတယ်။ 

သူမဟာ ငယ်စဉ်ကတည်းက ယခုလို ဗင်နီဂါသောက်သုံးခဲ့တာဖြစ်ပြီး ယခုသူမ အသက် ၁၉နှစ်ရှိလာတဲ့အထိ ပဲ ဖြစ်ပါတယ်။ သူမဟာ ဗင်နီဂါအရည် အမျိုးအစား အားလုံးလိုလို သောက်တာဖြစ်ပြီး သူမအကြိုက်ဆုံးကတော့ ပန်းသီး ဗင်နီဂါ ပဲ ဖြစ်ပါတယ်။ Ella ဟာ ဗင်နီဂါကို ကြိုက်လွန်းတာကြောင့် သွာေးလရာတိုင်း လွယ်အိတ်ထဲမှာ ထည့်သွားခဲ့ပါတယ်။   

သူမရဲ့ ယခုလို ထူးဆန်းတဲ့ အပြုအမှုကြောင့် လက်တွဲဖော်ရှာတဲ့အခါ အခက်အခဲတွေ့ခဲရပါတယ်။ ယောကျာ်းလေးတော်တော်များဟာ သူရဲ့ အခုလို ထူးခြားတဲ့အပြုအမှုကို လက်သင့်မခံနိုင်ခဲ့လို့ အခက်အခဲတွေ့ခဲ့ရပေမယ့်လည်း ယခုတော့ သူမအတွက်ကံကောင်းခြင်းတွေ ရောက်ရှိလာပြီလို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။ သူမရဲ့ လက်ရှိချစ်သူဟာ သူမအတွက် ဗင်နီဂါ အရသာပါဝင်တဲ့ ရမ် အရက်တွေကိုပါ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။