မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ မြင်တွေ့ရလေ့ရှိတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်ကတော့ ထူးချွန်တဲ့ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တယ်ဆိုတာ ပရိသတ်တွေပြောပြစရာမလိုအောင် သိမယ်ထင်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာ နှစ်တော်တော် ကြာလျောက်လှမ်းလာခဲ့တဲ့ ဦးဝင်းမြိုင်ကတာ့ ယနေ့အထိ မပြောင်းလဲတဲ့ အနုပညာစွမ်းရည်တွေကို မြင်တွေနေရဆဲပဲဖြစ်ကာ ပရိသတ်တွေရဲ့ ဒီနေ့အထိမပြောင်းလဲတဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ 

လက်တလောမှာတော့ ဦးဝင်းမြိုုင်ရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့်ပရိသတ်တွေအရမ်းကို စိတ်ပူသွားခဲ့ကြရပါတယ်။ပရိသတ်တွေစိတ်ပူခဲ့ရတဲ့ဓာတ်ပုံလေးထဲမှာတော့ ဦးဝင်းမြိုင်တစ်ယောက် ECG စက်တပ်ဆင်ပီး ရောဂါစစ်ဆေးကုသမှုခံယူနေရတဲ့ မြင်ကွင်းလေးကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။စစချင်းမှာတော့ ရှုတင်ရိုက်ကွင်းတစ်ခုကဓာတ်ပုံလေးလို့ ပရိသတ်တွေထင်ခဲ့ ကြပြီးနောက်ပိုင်းမှာတော့ တကယ်ဆေးစစ်ကုသမှုခံယူနေရတာသိသွားတာကြောင့် ပရိသတ်တွေအရမ်းကိုစိတ်ပူနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဦးဝင်းမြိုင်ရဲ့လူမှုကွန်ယက်မှာတော့ " 24 hrs, holder E.C.G စက်တပ်ထားရလို့ ဒီနေ့ တစ်နေကုန် ဖုန်း မကိုင်ရဝူးတား fris တေကို သတိရလွန်းလို့ရောဂါပိုတိုးသလိုပဲတား တနားပါရယ်နော်စိုးရိမ်စရာတော့မရှိပါ နှလုံးခုံမမှန်တာရယ် နှလုံးခုံနှေးတာရယ်ပါ" ဆိုတဲ့စာလေးရေးသားထားတာပဲ ဖြစ်ပါတယ်။စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ဘူးလို့ဆိုတာကြောင့် ပရိသတ်တွေအရမ်းစိတ်မပူကြဖို့နဲ့ စိတ်ပူပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။လက်ရှိဦးဝင်မြိုင်ရဲ့ ကျန်းမာရေးအခြေအနေကတော့ စိတ်ပူရမယ့်အနေအထားမဟုတ်ပေမယ့် ချစ်ပရိသတ်တွေကို အရင်လိုကျန်းကျန်းမာမာနဲ့ အနူပညာလုပ်ငန်းတွေ ဆက်လုပ်ကိုင်နိုင်ဖို့ဆုတောင်းပေးကြ ပါအုန်းနော်။ 

သတင်းအရင်းအမြစ် - ဝင်းမြိုင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။