မနေ့ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ခရိုအေးရှားတို့ပွဲမှာတော့ အာဂျင်တီးနာအသင်းရုပ်ဆင်းပျက်နဲ့ ခရိုအေးရှားကို ၃ဂိုးပြတ်ရူံးနိမ်ခဲ့ပါတယ်။မက်ဆီအတွက်တော့ ကြေကွဲစရာဝမ်းနည်းတွေပြည်နေခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။အဆိုပါပွဲမှာ မက်ဆီဟာ ခြေစွမ်းမပြနိုင်ဘဲ အာဂျင်တီးနားအသင်းရဲ့ဂိုးသမားအမှားကနေ ဂိုးတွေခွင်ပြုခဲ့ရပါတယ်။မက်ဆီဦးဆောင်တဲ့တိုက်စစ်ကလဲ ဂိုးတွေမသွင်းနိုင်ဘဲ ဂိုးကံခေခဲ့ပါတယ်။

အာဂျင်တီးနားအသင်းရဲ့နောက်ခံလူဖြစ်ပြီး မန်စီးတီးနောက်ခံလူဟောင်းဖြစ်တဲ့ ဇာပလတ်တာကတော့ မက်ဆီဟာ ယခုနှစ်ကမ္ဘာ့ဖလားပြီးရင်အနားယူနိုင်တယ်လို့ အံ့အားသင့်ဖွယ်ပြောကြားလာပါတယ်။မက်ဆီနဲ့ အာဂျင်တီးနားအသင်းမှာ အသင်းမှာ နှစ်ပေါင်များစွာလက်တွဲခဲ့တဲ့ဇာပလတ်တာကပြောဆိုခဲ့တာကြောင့် အဆိုပါစကားဟာ မှန်နိုင်တယ်လို့ ယူဆနေပြီး အာဂျင်တီးနားအသင်းရဲ့ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာတွေစုံပုံနေတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။

မက်ဆီဟာ ခရိုအေးရှားနဲ့ပွဲမှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာ ပရိသတ်တွေမြက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။မက်ဆီကလဲ တောင်အမေရိကဖလားဗိုဘ်လုပွဲမှာ ရုံးခဲ့တာကြောင့် အနားယူခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။အာဂျင်တီးနားသမ္မတက မက်ဆီကို အာဂျင်တီးနားမှာပြန်ကစားဖို့ပြောဆိုခဲ့တာကြောင့် ပြန်ကစားနခြင်းပဲ ဖြစ်ပါတယ်။ မက်ဆီမရှိတဲ့ အာဂျင်တီးနားအသင်းရဲ့ အနာဂတ်မဟာ ဘယ်လို ဖြစ်နေမယ်လို့ ပရိသတ်ကြီးထင်လဲ။

source : mail online sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။