အိစိကွေးဆိုတဲ့ အနုပညာရှင်လေးတစ်ဦးကတော့ ငယ်ငယ်လေးထဲကကို ပရိသတ်တွေကြိုက်နှစ်သက်တာထက် ချစ်ခဲ့ရတဲ့ အနုပညာရှင်လေးတစ်ဦးပဲဖြစ်ပါတယ်။

အိစိကွေးကတော့ ဆယ်ဂဏန်းမပြည့်သေးတဲ့ အသက်အရွယ်မှာပင် တီဗီထဲကနေ ပရိသတ်တွေကိုအမြဲပျော်ရွှ့င်အောင်ပြုလုပ်ပေးတတ်သူတစ်ဦးဆိုလည်း မမှားနိုင်ပါဘူး။

ငယ်ငယ်ကဆို အိစိကွေးပါတဲ့ကြော်ငြာလေးတွေ ဗီဒီယိုဇတ်လမ်းတွေကိုတော့ ပရိသတ်တွေအမြဲကြည့်ခဲ့ကြမယ်လို့ထင်ပါတယ်။

ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ စကားပြောတာလေးကအစ ချစ်စရာကောင်းတဲ့ အိစိကွေးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကတော့ အမြဲမှတ်မိနေလောက်အောင်ကိုပင် ပရိသတ်တွေရဲ့နှလုံးသားထဲမှာ နေရာယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ပရိသတ်အချစ်တော်လေး အိစိကွေးဟာ သူ့ရဲ့ငယ်ဘဝကအမှတ်တရ ဓာတ်ပုံလေးတစ်ပုံကို လူမှုကွန်ယက်ကနေမျှဝေကာ လွမ်းရဲ့လားလို့မေးခဲ့ပါသေးတယ်။

ပရိသတ်တွေရော ငယ်ငယ်ကကိုယ့်ရဲ့မျက်နှာလေးကို ပြုံးနေနိုင်အောင် ပိတ်ကားထက်ကနေ ချစ်စရာအမူအရာလေးတွေ ပြုလုပ်ပေးခဲ့တဲ့ ကောင်းလေးကို လွမ်းကြရဲ့လား။

ပရိသတ်တွေအတွက် အိစိကွေးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

source - Eisi Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။