အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အပြည့်ရရှိထားသူလည်းဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ဆံပင်ပုံစံ အသစ်ပြောင်းလိုက်ပါပြီပရိသတ်ကြီးရေ။ သူမရဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ instagram မှာ မကြာခဏတင်လေ့ရှိပြီး နောက်ဆုံး update တင်ထားတဲ့ဓာတ်ပုံ (၂) မှာတော့ သူမရဲ့ဆံပင်စတိုင်အသစ်လေးကို ထုတ်ပြထားတာ တွေ့ရပါတယ်။

ပထမဓာတ်ပုံလေးရဲ့ cpation မှာတော့ သူမခင်ပွန်းက သူမကို ဆံပင်တိုလေးနဲ့ချစ်ဖို့ကောင်းပြီး လိုက်ဖက်တယ်လို ့ပြောထားတဲ့အကြောင်းကို "bae says I look cute" ဆိုပြီး ရေးထားတာလည်း တွေ့ရပါတယ်။ ပရိသတ်တွေကတော့ သူတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံလေးတွေကို သဘောကျနေပြီး အနုပညာလောကရဲ့ လူငယ်ဇနီးမောင်နှံတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း အပြည့်အဝရရှိလို့ထားပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ မပြီးဆုံးသေးတဲ့ ပညာရေးကို ဆက်လက်သင်ယူနေကြပြီး သြစတြေးလျမှာ နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။ ချစ်ရတဲ့ ခေးတစ်ယောက် ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ပရိသတ်တွေကတော့ ဒီသတင်းအတွက် အတော်လေးရင်ခုန်နေကြတာလည်း တွေ့ရပါတယ်။ ကဲ ဆံပင်တိုလေးနဲ့ ခေး ရဲ့ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.....

Photo Source : Yun Wadi Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။