Xiaomi ကုမ္ပဏီဟာဆိုရင် တော့ ယခုအခါမှာ အသစ်ထွက်ရှိလာတော့မယ့် Redmi 6 pro ရဲ့ ဒီဇိုင်းပုံရိပ်တွေဟာ ပေါက်ကြားလာပီပဲ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုကတော့ Xiaomi ကုမ္ပဏီရဲ့ Redmi စီးရီးတွေ ထဲမှာ ပထမဦးဆုံး Notch ဒီဇိုင်းပါဝင်လာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ 

ဒီဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကတော့ ၆လက်မ ဝန်းကျင်နီးပါးလောက်ရှိပြီး ကိုယ်ထည်ပိုင်းမှာဆိုရင်တော့ အလှူမီနီယမ် နဲ့ တည်ဆောက်ပေးထားပါတယ်။ Memory ပိုင်းမှာဆိုရင်တော့ သုံးမျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး 2GB RAM+16GB Storage ၊ 3GB RAM+32GB Storage နဲ့ 4GB RAM+64GB Storage စတဲ့ မော်ဒယ်သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 

‌ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်တော့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး 12MP+5MP ပါဝင်နိုင်ကာမရှေ့ကင်မရာကတော့ 5MP လောက် ဖြစ်နိုင်ပါတယ်။ Android version အနေနဲ့ကတော့ 8.1 Oreo ကို အသုံးပြုပေးထားပြီး ဘက်ထရီ ပိုင်းမှာဆိုရင်တော့ 3400 mAh ပမာဏရှိတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ကို ဘယ်နေ့ ဖြန့်ချီမလဲဆိုတာကတော့ မသိရသေးပါဘူး ပရိသတ်ကြီးရေ....

Source:Mobile Guide Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။